ပရိသတ်တွေရဲ့အချစ်တော် ဂီတအနုပညာရှင်ဖြစ်တဲ့ အဆိုတော်မလေး ဝိုင်းလေးကတော့ ချိုမြိန်ပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အသံချိုချိုလေးနဲ့ တေးသီချင်းကောင်းလေးတွေကို ဖန်တီးသီဆိုတတ်သူလေးပဲ ဖြစ်ပါတယ်..။

သီချင်းကောင်းလေးတွေအပြင် ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကြောင့်လည်း ပရိသတ်တွေကြားရေပန်းစားပြီး အားလုံးက အမြဲအချစ်ပိုနေကြတာပါ..။

Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page

ဒီကနေ့မှာ မွေးနေ့လေးကျရောက်လာတဲ့ ဝိုင်းလေးကတော့ သူမရဲ့မွေးနေ့လေးမှာ အလှူအတန်းတွေကိုလည်း ပြုလုပ်ခဲ့ပြီး ချစ်ရတဲ့မိသားစုတွေကိုလည်း အချိန်ပေးကာ ကြည်ကြည်နူးနူးလေးနဲ့ မွေးနေ့လေးကို ဖြတ်သန်းခဲ့ပါတယ်နော်..။

အခုတစ်ခါမှာလည်း ဝိုင်းလေးတစ်ယောက် မိသားစုနဲ့အတူ မွေးနေ့ညစာစားခဲ့တဲ့ အချိန်လေးတွေနဲ့ သူမရဲ့ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို ဝေမျှထားပါသေးတယ်နော်..။

Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page

မွေးနေ့မှာ မိသားစုအမှတ်တရလေးတွေအပြင် ပြီးပြည့်စုံတဲ့မွေးနေ့လေးအဖြစ် ကြည်နူးပီတိဖြစ်စရာလေးတွေကို ဖန်တီးပြုလုပ်ပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်စကားလေးဆိုထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ့် အကြောင်းလေးကို ဝိုင်းလေးက ပြောပြထားပါတယ်နော်..။

"ဒီနေ့ကျရောက်တဲ့ ဝိုင်း ရဲ့ မွေးနေ့လေးမှာ ချစ်ရတဲ့မိသားစုတွေနဲ့အတူ ကောင်းမွန်တဲ့ ညစာလေးကို Wyndham Grand Yangon Hotel က မွေးနေ့ကိတ်လေးနဲ့အတူ စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်

တနေကုန် ချစ်ရတဲ့ သူတွေရဲ့ဆုတောင်းတွေ လက်ဆောင်တွေ ချစ်ရတဲ့ Fans တွေကပြုလုပ်ပေးတဲ့ အလှူပုံရိပ်တွေနဲ့ အရမ်းကို အေးချမ်းတဲ့ ပြီးပြည့်စုံသော မွေးနေ့လေးဖြစ်ခဲ့ပါတယ်

တစ်ယောက်ချင်းစီကိုလည်း ကျေးဇူးများကြီးတင်ပါတယ်နော်

ဝိုင်းရဲ့ အနုပညာ လှုပ်ရှားမှုတွေကို ဆက်လက်အားပေးပါဦးလို့ အမြဲဆက်ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်.." ဆိုပြီး ဝိုင်းလေးက အမှတ်တရလေးတွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။

Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page
Photo Credit - WyneLay's Fb Page

Source & Photo Credit - WyneLay's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။