ပရိသတ်အချစ်တော် သရုပ်ဆောင် မင်းသမီးချောကြီး ဝါဝါဝင်းရွှေကတော့ ချစ်စရာကောင်းတဲ့ မြေးမလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်လေးတွေဖြစ်ကြတဲ့ ဝါဝါဝင်းရွှေရဲ့မြေးမချောလေးနှစ်ယောက်က ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေကြတာ ဖြစ်ပါတယ်။ သူမတို့နှစ်ယောက်ကတော့ ဘွားဘွားဆီက အနုပညာအမွေတွေကို ဆက်ခံပြီး အနုပညာလောကမှာတောင် လျှောက်လှမ်းနေပြီ ဖြစ်ပါတယ်။

Photo Credit-"ဝါသွေး - Alice" FB Page
Photo Credit-"ဝါသွေး - Alice" FB Page
Photo Credit-Wa Wa Win Shwe's FB Acc
Photo Credit-"ဝါသွေး - Alice" FB Page

ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ညီအစ်မက ကြော်ငြာလေးတွေလည်း လက်ခံရိုက်ကူးနေရပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အရုပ်မလေးတွေလို ချစ်ဖို့ကောင်းကြတဲ့ ဝါသွေးနဲ့ ပန်းသွေးလေးတို့နှစ်ယောက်ကို ပရိသတ်တွေကပါ ချစ်ခင်နေရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမတို့ညီအစ်မနှစ်ယောက်က ဘွားဘွားနဲ့အတူ ကလောမြို့လေးကို သွားရောက်လည်ပတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit-"ပန်းသွေး - Pinky" FB Page
Photo Credit-"ဝါသွေး - Alice" FB Page
Photo Credit-"ပန်းသွေး - Pinky" FB Page
Photo Credit-"ဝါသွေး - Alice" FB Page

ဝါသွေးနဲ့ ပန်းသွေးတို့က ကလောမြို့လေးမှာလျှောက်လည်ရင်း ခပ်မိုက်မိုက်စတိုင်လေးတွေနဲ့ အပီအပြင်ဓာတ်ဖမ်းခဲ့ကြတာလည်း ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်လေးတွေနဲ့ အရမ်းကိုလှသွေးကြွယ်နေကြတဲ့ ဝါသွေးနဲ့ ပန်းလေးတို့ကတော့ ပျိုမျစ်နုနယ်တဲ့အလှတရားတွေနဲ့ ချစ်ဖို့ကောင်းလို့နေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဝါဝါဝင်းရွှေရဲ့မြေးမချောလေးတွေဖြစ်တဲ့ ဝါသွေးနဲ့ ပန်းသွေးတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-"ပန်းသွေး - Pinky" FB Page & "ဝါသွေး - Alice" FB Page 

Photo Credit-"ဝါသွေး - Alice" FB Page
Photo Credit-"ပန်းသွေး - Pinky" FB Page
Photo Credit-"ပန်းသွေး - Pinky" FB Page
Photo Credit-"ဝါသွေး - Alice" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။