ချစ်ပရိသတ်ကြီးရေ ဘဝရဲ့ အခက်အခဲများစွာကို ရင်ဆိုင်ကျော်ဖြတ်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ကျောင်းကပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ ကပြဖျော်ဖြေရင်း လူသိများကာ နာမည်ကျော်ကြား အောင်မြင်လာသူပဲ ဖြစ်ပါတယ်။ သူမက နောက်ပိုင်းမှာတော့ အနုပညာလှုပ်ရှားမှုတွေကို များစွာကြိုးစားလုပ်ကိုင်နေပြီး ကြော်ငြာတွေနဲ့ photo shootingတွေကို လက်ခံရိုက်ကူးနေရတဲ့ သူလေးပဲဖြစ်ပါတယ် ။

Photo credit- Amazing Grace
Photo credit- Amazing Grace

ချစ်ရတဲ့ ပရိသတ်တွေကလည်း သူမရဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုအားပေးနေကြတာကိုလည်း တွေ့ရပါတယ်နော်။ ဖြူဖြူထွေးက လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေအပြင် ပရဟိတလုပ်ငန်းတွေကိုလည်း သူမ တက်နိုင်သလောက် ကူညီလုပ်ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ သူမက ရုပ်ရည်လေးကလည်း အပြစ်ပြောရက်စရာမရှိလောက်အောင် ချစ်စရာကောင်းနေပြီး စိတ်ဓာတ်လေးကလည်း ဖြူစင်မွန်မြတ်လွန်းတာကြောင့် ပရိသတ်တွေသာမကပဲ အနုပညာရှင်တွေကပါ အချစ်ပိုနေကြတာပါနော်။ 

Photo credit- Amazing Grace
Photo credit- Amazing Grace

ဖြူဖြူထွေးက သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ပေါ့ပါးလှပတဲ့ အားကစားဝတ်စုံလေးကို ဝတ်ဆင်ကာ ကလေးလေးတစ်ယောက်လို ပို့စ်ပေးဓာတ်ဖမ်းနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ အပြစ်ကင်းစင်လွန်းတဲ့ ပုံရိပ်လှလှလေးတွေကို ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။ တစ်နေ့တခြားပိုပိုလှလာတဲ့ ဖြူဖြူထွေးရဲ့ ပုံလေးတွေကိုကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Photo credit- Amazing Grace
Photo credit- Amazing Grace
Photo credit- Amazing Grace
Photo credit- Amazing Grace
Photo credit- Amazing Grace

Photo credit- Amazing Grace

Source - Phyu Phyu Htwe's FB account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။