ပရိသတ်ကြီးရေ...တစ်‌ခေတ်တခါကနာမည်ကျော်လူကြိုက်များခဲ့တဲ့ အဆိုတော်မေရွက်ဝါရဲ့ သမီးလေးဖြစ်တဲ့ ဆန်းသစ်လကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အသံချိုချိုအေးအေးလေးနဲ့လည်း သီချင်းကောင်းလေးတွေကိုသီဆိုတတ်တဲ့အပြင် သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်အနေနဲ့ပါရပ်တည်အောင်မြင်ခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာဆိုရင်လည်း ဆန်းသစ်လဟာ ကြည်နူးချမ်းမြေ့စရာကောင်းတဲ့အိမ်ထောင်တစ်ခုကိုတည်ထောင်ထားတာဖြစ်ပါတယ်နော်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

ဆန်းသစ်လဟာ အိမ်ထောင်ရေးကံကောင်းတဲ့အမျိုးသမီးတစ်ဦးလည်းဖြစ်ပြီး သူမရဲ့ခင်ပွန်းဟာလည်း အမြဲလိုလိုဂရုတစိုက်နဲ့နွေးထွေးကြင်နာတတ်တဲ့ခင်ပွန်းကောင်းတစ်ယောက်ပါနော်။ ဆန်းသစ်လဟာအခုလက်ရှိမှာဆိုရင်လည်း သမီးလေးကိုယ်၀န်လွယ်ထားရတာဖြစ်ပြီး ကိုယ်၀န်ဟာ ၃၂ပတ်ရှိနေပြီလည်းဖြစ်ပါတယ်။ သူမတို့လင်မယားနှစ်ယောက်ဟာ အခုလတ်တလောမှာဆိုရင် ခရီးသွားကာ အပန်းဖြေအနားယူနေကြတာပါနော်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

ခရီးသွားရလို့ ပျော်ရွှင်တဲ့ဆန်းသစ်လတစ်ယောက်ဟာ မကြာသေးမီကလည်းသူမရဲ့ Facebookစာမျက်နှာတွင် "ဗိုက်လုံး​လေးလည်း swimsuit ​လေးဝတ်လို့ရတယ်မလား 32weeks pregnancy" ဆိုတဲ့captionလေးနဲ့ ရေကူး၀တ်စုံလေး၀တ်ကာ ဗိုက်လုံးလုံးလေးနဲ့ချစ်စရာကောင်းနေတဲ့ ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-San Thit La's Facebook acc
Photo credit-San Thit La's Facebook acc

Source-San Thit La's Facebook acc

Photo credit-San Thit La's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။