ပရိသတ်ကြီးရေ ဂီတကြယ်ပွင့်လေးတစ်ယောက်ဖြစ်တဲ့ အေးမြဖြူ ကတော့ Myanmar Idol Season - (4 ) အဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ရင်း ပရိသတ်တွေအားလုံးရဲ့ အချစ်တွေကိုသိမ်းပိုက်ထားခဲ့တဲ့သူလေး ပဲဖြစ်ပါတယ်။ သူမဟာ အသက်ငယ်ရွယ်ပေမယ့်လည်း ဂီတလောကမှာ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ထွန်းလင်းတောက်ပနေတဲ့ သူပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အေးမြဖြူ က ပရိသတ်တွေအတွက် သီချင်းကောင်းတွေကိုလည်း ဖန်တီးနေပြီး အကောင်းဆုံးကြိုးစားနေတာကို တွေ့ရပါတယ်။

Photo Credit - Aye Mya Phyu's fb account
Photo Credit - Aye Mya Phyu's fb account

ဒါ့အပြင် အေးမြဖြူ ကတော့ အဆိုရှင်ကောင်းတစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်ထက်မြက်တဲ့ သူလေးပဲဖြစ်ပါတယ်။ မကြာခဏဆိုသလို အေးမြဖြူ က သူမရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖော်ပြပေးတာတွေ့ပါတယ်။ ယခုမှာဆိုရင်လည်း အေးမြဖြူ က ချစ်ပရိသတ်တွေအလွမ်းပြေအောင် အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့ပါတယ်။

Photo Credit - Aye Mya Phyu's fb account
Photo Credit - Aye Mya Phyu's fb account

ဒီပုံလေးတွေထဲမှာတော့ အေးမြဖြူဟာ လွတ်လပ်ပေါ့ပါးတဲ့ ဂါဝန်လေးကိုဝတ်ထားပြီး အသည်းယားစရာအမူအရာလေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုအောင် ဖမ်းစားထားတာဖြစ်ပါတယ်။ ပရိသတ်​တွေလည်း ဟန်ဆောင်မှုကင်းတဲ့ အပြုံးချိုချိုလေးတွေ နဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေတဲ့ အေးမြဖြူ ကို အရင်ကထက်ပိုပြီး ချစ်ပေးပါဦးနော်...။ ကဲ...ချစ်ပရိသတ်ကြီးရေ တစ်နေ့တခြား လှသွေးကြွယ်လာပြီး ချစ်စရာကောင်းလွန်းနေတဲ့ အေးမြဖြူ ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှု့လို့ ရအောင်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aye Mya Phyu's fb account

Source - Aye Mya Phyu's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။