မင်းသမီးချောလေးဘေဘီမောင်ကတော့ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်ခဲ့ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်လက်ပဲ ဖြစ်ပါတယ်။သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘေဘီမောင်နဲ့ သားဂန်းကတော့ တစ်ယောက်ကို တစ်ယောက်နားလည်မှုရှိကြပြီး အေးချမ်းသာယာတဲ့ ချစ်သူဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

photo credit : Baby Maung 's facebook acc
photo credit : thar gan 's facebook acc

ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲလေးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ကတော့ အိပ်ခါနီးအချိန်လေးမှာ ဖုန်းခေါ်ပြီးသီချင်းလေးဆိုပြကာ ချော့သိပ်နေတဲ့သားဂန်းကြောင့် ပျော်ရွှင်ကြည်နူးနေခဲ့ပါတယ်။ သူမကတော့ ချစ်သူလေးသားဂန်းရဲ့ ရိုဆန်မှုလေးတွေကြောင့် အတိုင်းမသိပျော်ရွှင်နေခဲ့ပြီး အဆိုပါကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်တွေရှေ့ ချပြလာခဲ့တာပဲဖြစ်ပါတယ်။

photo credit : thar gan 's facebook acc
photo credit : thar gan 's facebook acc

ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ " အိပ်ခါနီး သီချင်းဆိုပြခိုင်းတဲ့ ခင်ချွဲခင် ရုံးပလေသီးမ " ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဘေဘီမောင်ရဲ့ ချစ်သူသားဂန်းကြောင့် ပျော်ရွှင်နေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source : Baby Maung 's facebook acc 

photo credit : thar gan 's facebook acc
photo credit : thar gan 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။