အဆိုတော်ခင်ပိုးပန်းချီကတော့ အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေများစွာကို သီဆိုလေ့ရှိတဲ့ သူမကတော့ သီချင်းအသစ်လေးတွေလည်း ထွက်ရှိဖို့ကြိုးစားလျက်ရှိနေပါတယ်။ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ အလှူအတန်းတွေလည်း ပြုလုပ်လျက်ရှိနေပါတယ်။

photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page
photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page
photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page

ချစ်စရာကောင်းလွန်းတဲ့ အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အချစ်ပိုရတဲ့ သူမကတော့ ယခုမှာ သာသနာဘောင်သို့ဝင်ရောက်သွားတဲ့ အဖိုးဖြစ်သူနဲ့ အဖေဖြစ်သူတို့ကို ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပြီး ဆွမ်းကပ်ခဲ့ပါတယ်။

photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page
photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page
photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page

သူမကတော့ " မင်္ဂလာပါရှင် သမီးဒီနေ့အိမ်မှာ ရန်ကင်း မဟာဗောဓိစာသင်တိုက်မှ သမီးအဖိုးဘုန်းဘုန်း ဖေကြီးဦးဇင်းတို့ကို ဝါဆိုသင်္ကန်းနှင့်နေဆွမ်းကပ်ပါတယ် သမီးချစ်ရတဲ့ပရိသတ်ကြီး သမီးအလှူလေးအတွက် ကြည်နူးစွာနဲ့သာဓုခေါ်ပါရှင် " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ခင်ပိုးပန်းချီရဲ့ ကောင်းမှုကုသိုလ်ပြုလုပ်နေခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

source : ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page

photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page
photo credit :ခင်ပိုးပန်းချီ Khin Poe Panchi 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။