photo credit - elite.protection.dogs instagram

Arsenal အသင်းရဲ့ head coach ဖြစ်သူ Mikel Arterta ကတော့ သူ့ရဲ့အိမ်ကိုကာကွယ်ဖို့အတွက် အိမ်စောင့်ခွေးကြီးတစ်ကောင်ကို ဝယ်ယူခဲ့ပါတယ်။

ဒီအိမ်စောင့်ခွေးကိုတော့ Arteta ဟာ Chelsea နဲ့ ကစားရမယ့် FA ဖလား ဗိုလ်လုပွဲမတိုင်ခင်လေးမှာ ဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။

၎င်းအိမ်စောင့်ခွေးကြီးရဲ့ တန်ဖိုးကတော့ £ 20,000 ရှိပြီး မြန်မာငွေနဲ့ဆိုရင်တော့ သိန်း 350 ကျော်လောက်တန်ကြေးရှိပါတယ်။

ဒီလိုအိမ်စောင့်ခွေးကြီးတွေကိုတော့ ဘောလုံးသမားအများစုက အင်္ဂန်ကနေအိမ်တွေမှာ ခိုးမှုတွေများပြီးနောက်ပိုင်းမှာ ဝယ်ယူလာကြတာတွေ့ရပါတယ်။

ဒါ့ကြောင့် Arteta အနေနဲ့လည်း London မှာရှိတဲ့ သူ့ရဲ့နေအိမ်ကို ကာကွယ်ဖို့အတွက် အခုလို Pound 20,000 ( မြန်မာငွေ သိန်း 350 ကျော်) တန်ကြေးရှိတဲ့ အိမ်စောင့်ခွေးကြီးကိုဝယ်ယူခဲ့တာပဲဖြစ်ပါတယ်။

လောလောလတ်လတ်လေးကမှ Arsenal အသင်းနဲ့အတူ FA ဖလား ချန်ပီယံဖြစ်ထားတဲ့ Arteta အတွက်တော့ ဒီလောက်ငွေပမာဏလေးက မပြောပလောက်တဲ့ ငွေပမာဏလေးပဲရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။