ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ထူးချွန်ပြီး အကယ်ဒမီဆုတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ခိုင်သင်းကြည်ကတော့ အေးချမ်းသာယာတဲ့ ကြည်နူးစရာမိသားစုလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ခိုင်သင်းကြည်ကတော့ ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသော သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

Photo Credit-San Htae Htar's FB Acc
Photo Credit-San Htae Htar's FB Acc

ခိုင်သင်းကြည်ရဲ့ သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးကတော့ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုစတင်လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကို ရိုက်ကူးလျက်ရှိနေခဲ့တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်တင်ပေးလေ့ရှိပါတယ်။ သူမကတော့ ရိုးရှင်းတဲ့ ဖက်ရှင်လေးတွေ မြန်မာဆန်ဆန်ဖက်ရှင်လေးတွေကို ဝတ်ဆင်လေ့ရှိသူလေးဖြစ်ပါတယ်။

Photo Credit-San Htae Htar's FB Acc
Photo Credit-San Htae Htar's FB Acc

သူမကတော့ ယခုမှာ ကလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ ပုံစံလေးကနေ အမိုက်စားပုံစံလေးကို ချက်ချင်းပြောင်းလဲလိုက်တဲ့ TIKTOKဗီဒီယိုဖိုင်လေးကို ပရိသတ်တွေရှေ့ ချပြလာခဲ့ပါတယ်။ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေနဲ့ ဆော့ကစားထားတဲ့ TIKTOKဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အကြွေကြီး ကြွေစေခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် စံထိပ်ထားဦးရဲ့ အမိုက်စားဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : sanhtatehtar 's facebook tiktok acc  

Photo Credit-San Htae Htar's FB Acc
Photo Credit-San Htae Htar's FB Acc
@sanhtatehtar_

And I’m back! ##fyp

original sound - alexrayhudson

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။