ဖြိုးမြတ်အောင်ကတော့ MYANMAR IDOLသီချင်းဆိုပြိုင်ပွဲကြီးကနေ စတင်ပေါ်ထွက်လာခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံပါဝါကောင်းကောင်းနဲ့ သီချင်းလေးတွေကို သီဆိုလေ့ရှိတဲ့ ဖြိုးမြတ်အောင်ကတော့ သီချင်းအသစ်လေးတွေလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit: Phyo Myat Aung 's facebook acc
photo credit: Min Thant Mg Mg 's facebook acc

မင်းသန့်မောင်မောင်ကတော့ အနုပညာအလုပ်တွေကိုလုပ်ကိုင်လျက်ရှိနေပြီဖြစ်တဲ့ တတ်သစ်စဒါရိုက်တာတစ်ယောက်ဖြစ်ပြီး သီချင်းMVတွေ ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေပါတယ်။သီချင်းအသစ်လေးတွေကို ပရိသတ်တွေရဲ့ ရှေ့ချပြလေ့ရှိတဲ့ ဖြိုးမြတ်အောင်ကတော့ ယခုမှာ MVအတွက် ဆွေးနွေးတိုင်ပင်ရင်း ညီလေးမင်းသန့်မောင်မောင်ကို အရမ်းလိမ္မာပြီးဆက်ဆံရေးကောင်းမွန်သူလို့ ချီးကျူးလိုက်ပါတယ်။

photo credit: Min Thant Mg Mg 's facebook acc
photo credit: Phyo Myat Aung 's facebook acc

ဖြိုးမြတ်အောင်ကတော့ " အရမ်းလိမ္မာပြီး ဆက်ဆံရေးကောင်းတဲ့ ညီလေးMin Thant Mg Mg. နဲ့   သူမနဲ့ကျွန်တော်အတ္ထုပ္ပတ္တိ MV လေးဆွေးနွေးတိုင်ပင်ရင်းညီလေးဆီက အကြံဉာဏ် တောင်းယူအားလုံးကိုချစ်တယ်ဗျာ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြိုးမြတ်အောင်နဲ့ မင်းသန့်မောင်မောင်တို့ရဲ့ MVအတွက် ဆွေးနွေးတိုင်ပင်နေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Phyo Myat Aung 's facebook acc 

photo credit: Phyo Myat Aung 's facebook acc
photo credit: Phyo Myat Aung 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။