Sport ဆိုတာ လူတိုင်းအတွက် အရေးကြီးတဲ့ အပိုင်းအစတစ်ခုလို့ပြောပြလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ကိုတိုင် အားကစား လုပ်ခြင်းဖြင့် ကျန်းမာရေးကောင်မွန်စေပြီး တခြားသော ကောင်းကျိုးတွေလဲ ရသလို Sport မလုပ်ရင်လဲ ကမ္ဘာပေါ်မှာ ရှိတဲ့ ကိုယ်ကြိုက်ရာ Sport ကို ကြည့်ရင်း အားလဲပေးလို့ရသလို အပန်းလဲဖြေလို့ရပါတယ်။ တစ်ကမ္ဘာလုံးမှာဆိုရင်လဲ Sport ကိုအားပေးကြတဲ့ လူတွေတော်တော်များများရှိပြီး Sport တွေလဲ အများကြီးရှိပါတယ်။ အဲ့ထဲကမှ ကမ္ဘာပေါ်မှာ Popular အဖြစ်ဆုံးနဲ့ လူကြည့်ှရှူအားပေးမှုအများဆုံး Sport 10 ခုကို ဖော်ပြသွားမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Sport ၁၀ ခုထဲက ၅ ခုကိုဖော်ပြသွားမှာဖြစ်ပြီး နောက်၅ ခုကိုတော့ နောက်အပိုင်းမှာ ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Credit Image : sports show

10.Golf - 390 million fans

ဂေါက်ရိုက်တာကတော့ လူတိုင်းအပန်းဖြေကစားနိုင်တဲ့ အားကစားတစ်ခုဖြစ်ပြီး ကြည့်ရတာကလဲ တခြားအားကစားတွေထက် ပိုပြီးတည်တည်ငြိမ်ငြိမ်နဲ့ အေးဆေးကြည့်လို့ရတယ်လို့ ပြောရမှာပါပဲ။ Skill ပါပါရိုက်တဲ့သူတွေရဲ့ ပွဲတွေကိုကြည့်ရင် အနှစ်သာရရှိပါတယ်။ Popular ဖြစ်တဲ့ နေရာတွေကတော့ Europe, Asia, America နဲ့ Canada တို့ပဲဖြစ်ပါတယ်။ 

Credit Image : sports show

9.Rugby ( American Football ) - 410 million fans

Rugby သို့မဟုတ် American Football ဟာဆိုရင် Australia, England, France နဲ့ New Zealand တို့မှာ ပရိသတ်တော်တော်များများရှိပါတယ်။ ဗြိတိသျှကိုလိုနီတွေက Australia နဲ့ New Zealand တို့ဆီကို ကစားနည်းခေါ်ဆောင်လာပြီး ဆော့ကစားသူတွေလဲများစွာရှိခဲ့ကာ နောက်ပိုင်းမှာတော့ တစ်နေရာပြီး တစ်နေရာ ကူးစက်သွားပါတယ်။ အဓိကတွင်ကျယ်တဲ့နေရာကတော့ အထူးသဖြင့် USA , France, England, New Zealand နဲ့ South Africa တို့မှာ တွင်ကျယ်ပါတယ်။ 

Credit Image : sports show

8.Baseball – 500 million fans

Baseball ကို ဆော့ကစားတဲ့အခါမှာတော့ အသင်းနှစ်သင်းနဲ့ တစ်ဖက်မှာ ကစားသမား ၉ယောက်ပါဝင်ပါတယ်။ အဓိကအားဖြင့် US, Canada, Cuba နဲ့ Dominican Republic တို့မှာ အားပေးသူများပါတယ်။ သူတို့ဆော့ကစားတဲ့ပုံစံက တခြားကစားနည်းတွေနဲ့ယှဉ်ရင် နားမလည်ပဲ ကြည့်တဲ့ သူအတွက်တော့ ရှုပ်ပါတယ်။

Credit Image : sports show

7.Table Tennis – 900 million fans

Table Tennis ကိုတစ်နည်းအားဖြင့် Ping Pong လို့လဲခေါ်ကြပါတယ်။ ကစားနည်းကတော့ ကစားသူနှစ်ယောက် သို့မဟုတ် ၄ ယောက်ထိ ကစားနိုင်ပြီး ခုန်ပေါ်မှာ ဘောလုံးလေးကို တင်နစ်ရိုက်သလို ရိုက်ကြတာပါ။ Player ကရိုက်လိုက်တဲ့ ဘောလုံးက တစ်ဖက်သူရဲ့အခြမ်းကနေ ဘောလုံး တစ်ချက်ခုန်ဖို့လိုသလို တစ်ဖက် Player ကလဲ အဲ့လို့ပြန်ရိုက်ဖို့လိုပါတယ်။ ပြောချင်တာကတော့ တစ်ဖက်ကိုရိုက်တဲ့အခါ သူ့ဘက်စားပွဲပေါ်ကနေ ကိုယ်ရိုက်တဲ့ဘောလုံးမခုန်ပဲနဲ့ တိုက်ရိုက် ရိုက်လို့မရပါဘူး။ Popular ဖြစ်တဲ့ နေရာတွေကတော့ Asia, Europe, Africa နဲ့ Americas တို့ပဲဖြစ်ပါတယ်။ 

Credit Image : sports show

6.Volleyball – 900 million fans

Volleyball ဆော့ကစားတဲ့အခါမှာ တစ်ဖက်တစ်သင်းနဲ့ အသင်းနှစ်သင်းပါဝင်ပြီး တစ်ဖက်စီမှာ ကစားသူ ၆ ယောက်ပါဝင်ပါတယ်။ ကစားသမားတွေဟာ တစ်ဖက်အသင်းရဲ့ မြေကြီးပေါ်ကို ဘောလုံးထိအောင် ရိုက်ပေးရမှာဖြစ်ပါတယ်။ ၁၉၆၄ကစလို့ ဒီအားကစားဟာ Summer Olympic Games မှာပါဝင်လာပါတယ်။ 

သတင်းအရင်းမြစ် Own Creation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။