ပရိသတ်ကြီးရေ .....အရွယ်တင်နုပျိုလှပနေပြီး ကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ အကယ်ဒမီများရှင် ခိုင်သင်းကြည်ရဲ့သမီးလေးဖြစ်တဲ့ စံထိပ်ထားဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာအရွယ်ရောက်လာတာနဲ့အမျှချစ်စရာကောင်းလာတာဖြစ်ပြီး မေမေခိုင်သင်းကြည်ရဲ့အလှကိုအမီလိုက်နေပြီပဲဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ မိဘကိုသိတတ်လိမ္မာတဲ့သူလေးလည်းဖြစ်ပြီး စိတ်သဘောထားလည်းနူးညံ့တာကြောင့် အနုပညာရှင်အချင်းချင်းကပါချစ်ခင်ကြတာပါနော်။
စံထိပ်ထားဦးဟာ အခုဆိုရင်လည်းအနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်ချင်ခင်အားပေးမှုရရှိလာနေပြီဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံလေးတွေနဲ့ အလှဓာတ်ပုံလေးတွေ၊ tik tokဗီဒီယိုလေးတွေကို မကြာခဏပရိသတ်တွေအတွက် တင်ပေးလေ့ရှိသူပါနော်။ ထိပ်ထိပ်လေးဟာလည်း အနုပညာအလုပ်တွေကို မေမေခိုင်သင်းကြည်နဲ့လည်း တွဲပြီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။
မကြာသေးမီကလည်း ထိပ်ထိပ်လေးဟာ သူမရဲ့ Facebookစာမျက်နှာတွင် "Random selfies" ဆိုတဲ့ captionလေးနဲ့ သူမရဲ့ ချစ်စရာကောင်းတဲ့ selfieပုံလေးတွေကို တင်ပေးလာပါတယ်။ ထိပ်ထိပ်လေးကို ကြည့်ပြီးပရိသတ်တွေလည်း အချစ်တွေပိုနေကြမယ်ထင်ပါတယ်နော်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
Source-San Htate Htar Oo's Facebook acc
Photo credit-San Htate Htar Oo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။