ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးကတော့ ပြုံးပျော်ရွှင်နေတဲ့ မျက်နှာလေးနဲ့ တစ်မှုထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သူလေးပါနော်။ ဆုမြတ်နိုးဦးကတော့ အနုပညာလမ်းခရီးကို ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနေပြီး ယခုဆိုရင် နေရာတစ်နေရာကို အခိုင်အမာ ရပ်တည်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ သူမက သရုပ်ဆောင်ပိုင်းမှာလည်း ပြောစရာမလိုလောက်အောင် ပီပီပြင်ပြင် သဘာဝကျကျ လုပ်ဆောင်နိုင်တဲ့ သူလေးပါနော်။

Photo credit - Hsu Myat Noe Oo's Instagram
Photo credit - Hsu Myat Noe Oo's Instagram

ပရိသတ်အချစ်တော်မလေး ဆုမြတ်နိုးဦး ကတော့ အမြဲပျော်ပျော်ရွှင်ရွှင်နေတက်ပြီး စိတ်သဘောထားလည်း ပြည့်ဝတာကြောင့် ချစ်ခင်သူတွေပေါများနေတာကိုလည်း တွေ့ရပါတယ်။ မကြာခဏဆိုသလို ဆုမြတ်နိုးဦး က ပရိသတ်တွေအတွက် ချစ်စရာကောင်းလောက်တဲ့ အလန်းစား ပုံရိပ်လေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာတော့ ဆုမြတ်နိုးဦးက အမိုက်စား ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်လိုက်ပြန်ပြီနော်။

Photo credit - Hsu Myat Noe Oo's Instagram
Photo credit - Hsu Myat Noe Oo's Instagram

ဆုမြတ်နိုးဦးက အသည်းယားစရာကောင်းတဲ့ အသားကပ်ဝတ်စုံလေးနဲ့ မြင်သူငေးရအောင် ချစ်စရာကောင်းနေပြီး အားရပါးရ ရယ်မောနေတဲ့ ပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းနေခဲ့တာပဲ ဖြစ်ပါတယ်။ 

ဆုမြတ်နိုးဦးရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုပြီး အသည်းယားအချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။

Photo credit - Hsu Myat Noe Oo's Instagram
Photo credit - Hsu Myat Noe Oo's Instagram

Source & Photo credit - Hsu Myat Noe Oo's Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။