အဆိုတော်အိမ့်ချစ်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး သီချင်းအသစ်လေးတွေလည်း ထွက်ရှိဖို့ ကြိုးစားလျက်ရှိနေပါတယ်။

photo credit : Eint Chit 's facebook acc
photo credit : Eint Chit 's facebook acc

ပွဲတွေမှာလည်း သီချင်းတွေ သီဆိုလျက်ရှိနေပြီး အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ သူမကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ချစ်ခင်ပွန်းနဲ့အတူ တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ သူမတို့ဇနီးမောင်နှံကတော့ တစ်ယောက်နဲ့ တစ်ယောက်လိုက်ဖက်ညီလွန်းပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို အတူဖြတ်သန်းလျက်ရှိနေပါတယ်။ ယနေ့လေးကတော့ သူမတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာသက်တမ်း(၂)လပြည့်နေ့လေးပဲ ဖြစ်ပါတယ်။

photo credit : Eint Chit 's facebook acc
photo credit : Studio A

အိမ့်ချစ်တို့ဇနီးမောင်နှံလေးကတော့ မင်္ဂလာသက်တမ်း(၂)လပြည့်နေ့လေးမှာ ကြည်နူးမှုအပြည့်နဲ့ ချစ်ခင်ကြင်နာနေကြပြီး ပျော်ရွှင်နေကြပါတယ်။ သူမကတော့ " Been 2 months that we stared our journey & many more seconds, minutes, hours, weeks,months and years " ဆိုပြီး ချစ်စရာပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အိမ့်ချစ်တို့ဇနီးမောင်နှံရဲ့ ပျော်ရွှင်ကြည်နူးနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Eint Chit 's facebook page

photo credit : Studio A
photo credit : Studio A

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။