ပရိသတ်ကြီးရေ မင်းသားကြီး ဦးကျော်သူကတော့ တစ်ခေတ်တခါက အနုပညာလောကမှာ အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ဦးကျော်သူ က သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ်ကို သဘာဝကျကျ သရုပ်ဆာင်နိုင်တာကြောင့်လည်း အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးကျော်သူ က အနုပညာအလုပ်တွေကို အရင်ကထက် မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်သွားအောင် ဖြည်းဖြည်းမှန်မှန်နဲ့ သာလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Kyaw Thus fb account
Photo Credit - Kyaw Thus fb account

ဒါ့အပြင် ဦးကျော်သူ က ဘာသာတရားကိုလည်း အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို လူမှုရေးအကျိုးပြု ပရဟိတ လုပ်ငန်းမှာလည်း ဦးဆောင်လုပ်ကိုင်ပေးနေတဲ့ လေးစားစရာ မင်းသားကြီးပါနော်..။ မကြာခဏဆိုသလို သူ့ရဲ့ အနုပညာလှုပ်ရှားမှုနဲ့ ပရဟိတ လုပ်ဆောင်ချက်တွေကို ပရိသတ်တွေအတွက် ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာတော့ အကယ်ဒမီ မေသန်းနု နဲ့ စင်ယော်မောင်မောင် တို့ရဲ့ သားလေးဖြစ်တဲ့ မင်းသန့်မောင်မောင် က လာရောက်ကန်တော့ခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Thus fb account
Photo Credit - Kyaw Thus fb account

ဒီပုံလေးတွေထဲမှာတော့ မင်းသန့်မောင်မောင် က ဖခင်စင်ယော်မောင်မောင် နဲ့အတူ ဦးကျော်သူကို မုန့်တွေနဲ့ လာရောက် ဂါဝရပြု ကန်တော့ခဲ့တာပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဦးကျော်သူက " ယနေ့ စင်ယော်မောင်မောင် ရယ်၊ မင်းသန့်မောင်မောင် ရယ်၊ ကျော်သူမောင် မောင်ရယ် ဆုံဆည်းတဲ့နေ့တစ်နေ့ ပေါ့ " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ တကယ့်ကို ကြည်နူးစရာကောင်းလောက်တဲ့ ဦးကျော်သူ ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ကူးယူပြီး တင်ပြပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Thus fb account

Source - Kyaw Thu's fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။