ပရိသတ်အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ သရုပ်ဆောင်မှုတွေမှာ ပီပြင်ပိုင်နိုင်ပြီး နန်းဆန်တဲ့အလှတွေကြောင့် ပရိသတ်တွေကြား ရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းတဲ့အပြင် အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းလွန်းတဲ့ မအေးသောင်းလေးကတော့ အခုတစ်ခါမှာလည်း မင်းသားကြီးရန်အောင်၊ မင်းသားချောလေးကျော်ထက်ဇော်တို့နဲ့အတူ အနုပညာအလုပ်တွေအတူ လုပ်ဆောင်ကာ ကြော်ငြာလေးတွေ ရိုက်ကူးနေပါတယ်နော်..။

Photo Credit - Aye Wutyi Thaung's Fb Page
Photo Credit - Aye Wutyi Thaung's Fb Page

ရန်အောင်၊ ကျော်ထက်ဇော်နဲ့ မအေးသောင်းတို့ သုံးယောက်ကတော့ ဓာတ်မြေသြဇာကြော်ငြာလေးကို သဘာဝဆန်ဆန်လေးနဲ့ ကျေးလက်တောသူ တောင်သားတွေအဖြစ် သရုပ်ဆောင်ရိုက်ကူးနေကြတာ ဖြစ်ပါတယ်နော်..။

ရိုက်ကွင်းပေါ်က အမှတ်တရလေးတွေကို အမြဲဝေမျှလေ့ရှိသလို အခုတစ်ခါမှာလည်း ရိုက်ကွင်းနောက်ကွယ်မှာ ရယ်ရယ်မောမောလေးနဲ့ မျက်နှာပြောင်ကာ ချစ်စရာကောင်းလွန်းတဲ့ ဗီဒီယိုဖိုင်လေးနဲ့ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်..။

Photo Credit - Aye Wutyi Thaung's Fb Page
Photo Credit - Aye Wutyi Thaung's Fb Page

ဗီဒီယိုလေးထဲမှာတော့ မအေးသောင်းလေးတစ်ယောက် အသည်းယားစရာအမူအရာလေးတွေနဲ့ မျက်နှာလေးပြောင်ပြီး ရယ်မောပျော်ရွှင်ကာ ကလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းနေတာလည်း တွေ့မြင်ရမှာပါနော်..။

ကဲ.. ချစ်ပရိသတ်ကြီးရေ.. ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးတစ်ယောက်လို လွတ်လပ်ပျော်ရွှင်နေတဲ့ မအေးသောင်းတို့ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Aye Wutyi Thaung's Fb Page
Photo Credit - Aye Wutyi Thaung's Fb Page

Source & Photo Credit - Aye Wutyi Thaung's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။