တင်းရင်းလှပတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ ‌ပြေပြစ်လှပတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားသူလေးကတော့ ပရိသတ်အချစ်တော်မင်းသမီးချော‌လေးဘေဘီမောင်ပါ။ သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားများနဲ့အနုပညာလောကထဲ၀င်ရောက်လာပြီး ပရိသတ်အားပေးမှု အပြည့်အ၀ရရှိထားတာပဲဖြစ်ပါတယ်။ သူမရဲ့ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အနုပညာလောကမှာနေရာတစ်နေရာရရှိထားတဲ့ မင်းသမီးချောလေးတစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

ဘေဘီမောင်က ရုပ်လေးကလည်း ပြစ်ချက်မရှိ လှပပြီး စိတ်ထားလေးကလည်း ဖြူစင်လွန်းတဲ့ အပြင် မိဘအပေါ်မှာလည်း သိတက်ပြီး လိမ္မာရေးခြားရှိတဲ့ သူလေးဖြစ်တာကြောင့် မြင်သူတိုင်းက အချစ်ပိုနေရတာပါနော်။ မောင်နှမတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ ဘေဘီက သူမ ရရှိတဲ့ အနုပညာငွေကြေးလေးနဲ့ မိသားစုကိုလည်း အပြည့်အဝထောက်ပံ့ပေးနေတာဖြစ်လို့ ပရိသတ်တွေက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

ယနေ့မှာတော့ ဘေဘီမောင်က သူမရဲ့ တစ်ဦးတည်းသော မောင်လေးနဲ့အတူ ရိုက်ထားတဲ့ ပုံလှလှလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလာတာပဲ ဖြစ်ပါတယ်။ မောင်နှမနှစ်ယောက်ရဲ့ ပုံလေးတွေတိုင်းက ချစ်စရာကောင်းနေပြီး " အရပ်ပုတော့နုတာပေါ့နော် မောင်လေးထန်းပင် သူ့အရပ်က၆ပေဆိုတော့ ကျွန်မပုပြီပေါ့ ကျွန်မရဲ့အသည်းကိုသုံးပုံ ပုံရင်သူတစ်ပုံပါတယ် " ဆိုတဲ့ စာသားလေးကိုလည်း စနောက် ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်... ။

Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account
Photo credit - Baby Maung's Facebook account

Source & Photo credit - Baby Maung's Facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။