မင်းသမီးချောလေးဖွေးဖွေးကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ မင်းသမီးချောလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ သူမကတော့ ပါဝင်သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ရိုက်ကူးလျက်ရှိနေခဲ့သူလေးပဲ ဖြစ်ပါတယ်။

photo credit : Phway Phway 's facebook page
photo credit : Phway Phway 's facebook page

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ပွင့်ပွင့်လင်းလင်းနဲ့ ပြောဆိုတတ်ပြီး စိတ်သဘောထားဖော်ရွေသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကိုဆက်လက်လုပ်ကိုင်လျက်ရှိနေသူလေးပဲ ဖြစ်ပါတယ်။ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်ကို တင်ပေးလေ့ရှိတဲ့ သူမကတော့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

photo credit : Phway Phway 's facebook page
photo credit : Phway Phway 's facebook page

သူမကတော့ ယခုမှာ မိသားစုနဲ့အတူ မိဘမဲ့ကလေးတွေနဲ့ သီလရှင်လေးတွေကို အစားအသောက်တွေလှူဒါန်းရင်း ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။ သူမတို့ မိသားစုလေးရဲ့ မေတ္တာရောင်ခြည်မိဘမဲ့ပညာရေးကျောင်းမှာ အလှူအတန်းတွေပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးဖွေးဖွေးရဲ့ မိသားစုလေးနဲ့အတူ အလှူပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေးကို အောက်မှာကြည့်နိုင်ပါတယ်။

source : Kyaw Kyaw Win 's facebook acc  

photo credit : Phway Phway 's facebook page
photo credit : Kyaw Kyaw Win 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။