ပရိတ်သတ်ကြီးရေ ရွှေထူး နဲ့ ရွှေမှုံရတီတို့ဇနီးမောင်နှံ နှစ်ယောက်ကတော့ အနုပညာလောကမှာ ကိုယ်စီပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိထားတဲ့ သူတွေပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ရွှေမှုံရတီတို့ဇနီးမောင်နှံဟာ ဝေဖန်မှုတွေကြားထဲကနေ တစ်ဦးနဲ့တစ်ဦးယုံကြည်မှုရှိစွာနဲ့ ပျော်ရွှင်တဲ့ ဘဝလေးကို ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို လက်ရှိမှာ ဆက်တိုက်လုပ်ကိုင်နေပြီး အကောင်းဆုံး ကြိုးစားနေတဲ့သူတွေပဲဖြစ်ပါတယ်။
ဒါ့အပြင် ရွှေထူးတို့ ဇနီးမောင်နှံ နှစ်ယောက်ကတော့ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်တတ်ကြတဲ့အပြင် တယုတယ ဂရုစိုက်မှုတွေကြောင့် ပရိသတ်တွေ အားကျချစ်ခင်နေရတဲ့ အတွဲလေးပဲဖြစ်ပါတယ်။ ရွှေနှစ်ရွှေ တို့ရဲ့ ဇနီးမောင်နှံ က ပရိသတ်တွေ ချစ်အားပိုစေလောက်မယ့် ပုံရိပ်လေးတွေအပြင် ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ရွှေထူး က ကြည့်မိသူတိုင်း ကြည်နူးပီတိဖြစ်စရာကောင်းလောက်မယ့် ဗီဒီယိုလေးကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်ပေးလာခဲ့ပါတယ်။
ဒီ ဗီဒီယိုလေးထဲမှာတော့ ရွှေထူးတို့ ဇနီးမောင်နှံနှစ်ယောက်က အိမ်မှာရှိတဲ့ ကလေး လေးယောက်ကို ပျော်ရွှင်စရာလေးတစ်ခုကို ဖန်တီးပေးပြီး ဖုန်းတွေကို မဲဖောက်ပေးခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ရွှေထူး က "အိမ်က ကလေးမ လေးယောက်ကို Huawei Y5p ဖုန်းလေးတွေ မဲဖောက်ပေးတဲ့ Video လေးပါ ... ရယ်နေရတယ် " ဆိုပြီး ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ကလေးတွေကို ပျော်ပျော်ရွှင်ရွှင် နဲ့ ဖုန်းတွေ မဲဖောက်ပေးခဲ့တဲ့ ရွှေနှစ်ရွှေ တို့ ရဲ့ ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။
Photo & Video Credit -Htoo Khant fb account
Source - Htoo Khant fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။