ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကို ပီပြင်ကောင်းမွန်စွာ သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီထူးချွန်ဆု ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချော မြင့်မြတ်ပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ ပရိသတ်တွေအားလုံးက သဘာဝမင်းသားလို့တောင် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။ မြင့်မြတ်ဟာ အနုပညာလောကတွင် အောင်မြင်မှုတွေ ရရှိထားရုံသာမကဘဲ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုပါ ဖန်တီးတည်ဆောက်ထားတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account
Photo Crd- Myat Wai Tun’s Facebook Account

ဒီနေ့လေးကတော့ သရုပ်ဆောင် မြင့်မြတ်ရဲ့ (၃၄) နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ သူ့ကိုချစ်ခင်ကြတဲ့ မိတ်ဆွေ ၊ သူငယ်ချင်းများကလည်း လူမှုကွန်ယက်စာမျက်နှာတွင် မွေးနေ့ဆုမွန်ကောင်းများတောင်းပေးကြတာလည်း ဖြစ်ပါတယ်။ မြင့်မြတ်ဟာ ဒီညလေးမှာ ချစ်ရတဲ့ မိတ်ဆွေသူငယ်ချင်းများနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့ပွဲလေး ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မင်းသားချောလေး အောင်လေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း မွေးနေ့အမှတ်တရပုံရိပ်လေးတွေနဲ့ အခုလိုပဲ မွေးနေ့ဆုတောင်းပေးထားတာပဲ ဖြစ်ပါတယ်။  

Photo Crd- Moe Yann Zune’s Facebook Account
Photo Crd- Moe Yann Zune’s Facebook Account
Photo Crd- Moe Yann Zune’s Facebook Account

" Happy birthday ko myint myat မွေးနေ့မှစပြီး အမြဲတမ်းပျော်ရွှင်စရာကောင်းသောမိသားစုလေးနဲ့ဒီထက်မကတစ်သက်လုံးပျော်ရွှင်ပါစေခင်ဗျာ( ငယ်ငယ်တည်းကကျွန်တော်လေးစားအားကျရတဲ့ ကျွန်တော့် idol ပါ) ဖြစ်သလိုလေးမို့ရုပ်တော့သည်းခံကြည့်ပေးပါ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် မင်းသားချော မြင့်မြတ်ရဲ့မွေးနေ့ပွဲလေးကိုတက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်ညီအစ်ကိုများရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Lay’s, Aung Min Naing’s and Moe Yann Zune’s Facebook Account And Myat Wai Tun’s Facebook Account  

Photo Crd- Aung Min Naing’s Facebook Account
Photo Crd- Aung Lay’s Facebook Account
Photo Crd- Aung Lay’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။