ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကိုထိမှန်စေတာ အသေအချာပါပဲနော်။

Photo credit-Aye Myat Thu's Facebook acc
Photo credit-Aye Myat Thu's Facebook acc

အေးမြတ်သူဟာ သရုပ်ဆောင်ပိုင်းမှာလည်း သဘာ၀ကျတဲ့သရုပ်ဆောင်ချက်တွေကြောင့် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိထားတဲ့သူလေးပါ။ သူမရဲ့ ကျစ်လျစ်လှပတဲ့ ဘော်ဒီကောက်ကြောင်းလေးဟာဆိုရင်လည်း ပုရိသတွေသာမက မိန်းကလေးချင်းပါကြွေရတဲ့သူလေးပါ။ အေးမြတ်သူဟာအခုလက်ရှိမှာဆိုရင်လည်း သူမရဲ့ချစ်စရာကောင်းတဲ့တူလေးနဲ့အတူ ပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်နော်။

Photo credit-Aye Myat Thu's Facebook acc
Photo credit-Aye Myat Thu's Facebook acc

အပျိုကြီးအေးမြတ်သူတစ်ယောက်ကတော့ တူလေးကို အချစ်တွေပိုနေရင်းနဲ့ပဲမိသားစုကို အချိန်ပေးပျော်ရွှင်နေတာဖြစ်ပါတယ်။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "ဒီအပျိုကြီး.... အသဲတွေကိုချွေမယ့်သူလေး......... သူလေးအတွက်.... ရှင်သန်ရမယ်...သန်မာရမယ်" ဆိုတဲ့ captionလေးနဲ့ သူမရဲ့တူလေးနဲ့ချစ်စရာပုံလေးတွေကိုတင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Aye Myat Thu's Facebook acc
Photo credit-Aye Myat Thu's Facebook acc

Source-Aye Myat Thu's Facebook acc

Photo credit-Aye Myat Thu's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။