ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာ သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ပဲ ဖြစ်ပါတယ်။ သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ " ပုဂံမြို့သူ " ၊ " ပန်းနုသွေး " စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေထဲက ကာရိုက်တာလေးတွေကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးချစ်ခင်မှုတွေကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့်လည်း ပုရိသတွေရဲ့ အသည်းတစ်ခုလုံးကို နေရာယူထားတာပဲ ဖြစ်ပါတယ်။

Photo Crd- May Myint Mo’s Facebook Account
Photo Crd- May Myint Mo’s Facebook Account
Photo Crd- May Myint Mo’s Facebook Account

မေလေးဟာ ရုပ်သံဇာတ်လမ်းတွဲများသာမဟုတ်ဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတဲ့ ပြည်သူချစ်မင်းသမီးလေး တစ်လက်ပဲ ဖြစ်ပါတယ်။ ပါဝင်ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကိုလည်း အပိုလိုမရှိကွက်တိကျအောင် သရုပ်ဆောင်နိုင်မှုတို့ကြောင့်လည်း ပရိသတ်တွေက ပိုပိုပြီး ချစ်ခင်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ မေလေးဟာ မိဘတွေအပေါ်ကိုလည်း သိတတ်လွန်းတဲ့ သမီးအလိမ္မာလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- May Myint Mo’s Facebook Account
Photo Crd- May Myint Mo’s Facebook Account
Photo Crd- May Myint Mo’s Facebook Account

သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို ဝေမျှပေးလေ့ရှိရာ အခုတစ်ခါမှာလည်း မေလေးရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်မေမေ ဆံပင်စည်းပေးနေတာကို ချစ်မဝဖြစ်နေတဲ့ မေမြင့်မိုရ်ရဲ့ ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ပရိသတ်တွေလည်း ချစ်စရာကောင်းတဲ့ မေမြင့်မိုရ်တို့ သားအမိနှစ်ယောက်ရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- May Myint Mo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။