အနုပညာရှင်တွေနဲ့customerတွေရဲ့ချစ်ခင်မှုတွေကို ရရှိထားတဲ့ ဒီဇိုင်နာမျိုးမင်းစိုးဟာဆိုရင် ဒီဇိုင်နာလောကမှာ အောင်မြင်ကျော်ကြားနေတဲ့သူပဲဖြစ်ပါတယ်။အနုပညာရှင်တွေနဲ့လည်း ရင်းနှီးချစ်ခင်ပြီး သူဖန်တီးပေးတဲ့ ဝတ်စုံလေးတွေကို အနုပညာရှင်တွေက အမြတ်တနိုးနဲ့ဝတ်ဆင်ကြပါတယ်။ဒီဇိုင်နာမျိုးမင်းစိုး ဖန်တီးချုပ်လုပ်ပေးတဲ့ ဝတ်စုံလေးတွေကို အကယ်ဒမီမင်းသမီးကြီး ခင်သန်းနုကလည်း အမြတ်တနိုးဝတ်ဆင်လေ့ရှိပါတယ်နော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

မင်းသမီးကြီး ခင်သန်းနုဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အရမ်းအောင်မြင်ပြီး ရေပန်းစားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုချိန်ထိလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ ခင်သန်းနုက အရင်အတိုင်းပဲ လှပနုပျိုနေဆဲဖြစ်ပါတယ်။မင်းသမီးကြီးခင်သန်းနုကတော့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ဝတ်စုံလေးတွေကြောင့် အလှပေါ်အယဉ်ဆင့်ပြီး ကျက်သရေပိုရှိသွားပါတယ်နော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

ဒီဇိုင်နာမျိုးမင်းစိုးကတော့ Tik Tok ရိုက်ရတာ အရမ်းဝါသနာပါတာကြောင့် ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေနဲ့အတူ အမြဲတမ်းလိုလို တွဲဖက်ပြီး Tiktok ရိုက်တာဖြစ်ပါတယ်။အခုဆိုရင်လည်း မင်းသမီးကြီး ခင်သန်းနုနဲ့အတူ "မောင်တို့ချယ်ရီမြေ"ဇာတ်ကားထဲက အသံလေးနဲ့ ပီပီပြင်ပြင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ခင်သန်းနုကလည်း အမူအရာအပြည့်နဲ့သရုပ်ဆာင်ထားလို့ သူမ အသက်(၁၇)နှစ်ကျော်အရွယ်က သရုပ်ဆောင်ခဲ့တဲ့ အဲ့ဒီဇာတ်ကားလေးကိုတောင် ပြန်လည်သတိရမိသွားပါတယ်နော်။

Photo Credit:Myo Min Soe's Facebook Account
Photo Credit:Myo Min Soe's Facebook Account

Source&Photo Credit:Myo Min Soe's Facebook Account

Video Credit:Myo Min Soe's Facebook Account &Tik Tok Acc

@designermyo123

original sound - Nan Waiwai Myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။