အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်း၏ ပထမဦးစားပေးဂိုးသမားဖြစ်သူ ကော်တိုရစ်က ချယ်ဆီးအသင်းနှင့်စာချုပ်သစ်အတွက်ဆွေးနွေးလျက်ရှိပြီး ချယ်ဆီးအသင်းဘုတ်အဖွဲ့ထံသို့ တစ်ပတ်လုပ်အားခ ပေါင်၂သိန်းထိပေးရန် တောင်းဆိုလိုက်ပါသည်။

ချယ်ဆီးအသင်း၏ ပထမဦးစားပေးဂိုးသမားဖြစ်သူ ကော်တိုရစ်သည် ယမန်နှစ်ဘောလုံးရာသီက အင်္ဂလန်ပရီးမီးယားလိဂ်တွင် ဂိုးကာကွယ်မှုအများဆုံးဖြင့် ရွှေလက်အိတ်ဆုအပြင် ချယ်ဆီးနဲ့အတူ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားပါရရှိခဲ့သည်။  

ဒါ့အပြင် ဘယ်ဂျီယံလက်ရွှေးစင်ကစားသမားတစ်ဦးဖြစ်သူ အသက်၂၅နှစ်ရှိ ချယ်ဆီးအသင်းဂိုးသမား ကော်တိုရစ်ကို စပိန်လာလီဂါကလပ် လက်ရှိလာလီဂါအမှတ်ပေးဖလားချန်ပီယံ ရီးရဲမက်ဒရစ်ကခေါ်ယူရန်စိတ်ဝင်စားနေကြောင်းသိရှိရသည်။

Hein

သတင်းအရင်းမြစ် : Bleacher Report

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။