အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်မှူး အဂူရိုကို ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီက ပေါင်သန်း၆ဝဖြင့်ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်း သတင်းအချို့အရသိရှိရသည်။ 

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီသည် မန်ချက်စတာစီးတီးအသင်း၏နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်နေသော အဂူရိုကို ပေါင်သန်း၆ဝဖြင့်ကမ်းလှမ်းမည်ဖြစ်ပြီး အဂူရိုကို ယခုရရှိနေသော တစ်ပတ်လုပ်ခပေါင်၂သိန်း၂သောင်းထက်ပိုပေးသွားရန်အသင့်ရှိနေကြောင်းသိရှိရသည်။ 

အာဂျင်တီးနားလူမျိုး မန်ချက်စတာစီးတီးအသင်း၏တိုက်စစ်မှူး အဂူရိုအနေနဲ့ ယခုလက်ရှိနည်းပြ ပတ်ဂွာဒီယိုလာမရောက်လာခင်က ပုံမှန်ပွဲထွက်ခွင့် ရရှိခဲ့သော်လည်း ယခုအခါ ပတ်ဂွာဒီယိုလာလက်အောက်တွင် ပွဲထွက်ခွင့်ရရန်ရုန်းကန်နေရသလို ခြေစွမ်းပြသရန်လည်းရုန်းကန်ရလျက်ရှိသည်။  

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။