အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ ဂန္တဝင်နည််းပြကြီး ဆာအဲလက်ဖာဂူဆန်အနေနဲ့ မန်ချက်စတာယူနိုင်တက်လက်ရှိနည်းပြ မော်ရင်ဟိုမတိုင်ခင် နည်းပြခဲ့တဲ့ ဗန်ဂါးလုပ်ရပ်တစ်ခုကိုအံ့သြခံရဖူးပါတယ်။

မြောက်အိုင်ယာလန်နည်းပြ မိုက်ကယ်အိုနေးကထိုကဲ့သို့ ပြောကြားခဲ့တာဖြစ်ပြီး သူ့ကို ဆာအဲလက်ဖာဂူဆန်က ဗန်ဂါးအနေနှင့် မန်ချက်စတာယူနိုင်တက်မှာနည်းပြစဉ်က ဂျွန်နီအီဗန်ကိုရောင်းခဲ့တာကို မယုံကြည်နိုင်လောက်အောင်ကိုဖြစ်ခဲ့တယ်လို့ပြောတာပါ။ 

ဆာအဲလက်ဖာဂူဆန်က နောက်ခံလူဂျွန်နီအီဗန်အနေနှင့် မန်ချက်စတာယူနိုင်တက်မှာပဲ ကစားသမားဘဝကုန်တဲ့ထိ ကစားမယ်လို့ထင်ခဲ့သော်လည်း ဗန်ဂါးအနေနှင့် မန်ချက်စတာယူနိုင်တက်မှာနည်းပြစဉ်က နောက်ခံလူဂျွန်နီအီဗန်ကို ဝက်ဘရွန်းထံရောင်းခဲ့တာပါ။

Hein 

သတင်းအရင်းမြစ် Daily mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။