Sulenanလို့ခေါ်တဲ့အမျိုးသမီးဟာ ၂၀၀၉ခုနှစ်တုန်းက ၈မြွှာပူးကလေးတွေကို အောင်မြင်စွာမွေးပေးနိုင်ခဲ့လို့ အင်တာနက်မှာ နာမည်ကြီးခဲ့သူတစ်ဦးပါ။ ယခုအချိန်မှာဆိုရင်တော့ Sulenanဟာ သူမရဲ့သားသမီးတွေနဲ့ ရှင်ကွဲ ကွဲနေခဲ့ရပြီပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့

နာမည်ကြီးခဲ့တဲ့ Sulenan ဟာ ကလေးရှစ်ယောက်ကို အောင်မြင်စွာ မွေးဖွားပြီးခဲ့တဲ့ အချိန်မှာ ကြီးလှတဲ့ အခက်အခဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒါကတော့ ငွေရေးကြေးရေးပါ

သူမမှာ ကလေးရှစ်ယောက်လုံးကို ပြုစုပျိုး​ထောင်​ဖို့အတွက် လုံလောက်တဲ့ ငွေကြေးပမာဏမပိုင်ဆိုင်ခဲ့ပါဘူး။ မိခင်တစ်ဦးတည်းအနေနဲ့ အိမ်ထောင်ရေးကို ဦးစီးတဲ့အချိန်မှာ သူမဟာအခက်အခဲအများကြီး တွေ့ခဲ့ရပါတယ်။

ဟိုကဒီက အလှူရှင်တွေ ပေါ်လာခဲ့ပေမယ့်လဲ သူမရဲ့ အခက်အခဲက ယာယီသာ ပြေပျောက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူမဟာ ရရာအလုပ်ကို လုပ်မယ်ဆုံးဖြတ်ခဲ့ပုံရပါတယ်။

Sulenanကို ကလပ်မှာ တိုင်ပတ်အကမယ်အနေနဲ့ရော၊ လိင်ပိုင်းဆိုင်ရာ ရုပ်ရှင်တွေမှာ သရုပ်ဆောင်တဲ့မင်းသမီးအနေနဲ့ရော တွေ့မြင်ခဲ့ရပါတယ်။ မကြာသေးမီက သူမဟာ ပြစ်မှုတစ်ခုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ သူမရဲ့ကလေးတွေကကော၊ ကလေးတွေကိုတော့ သင့်တော်ရာ စောင့်ရှောက်တဲ့နေရာကို ပို့ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

Source : realswagnews

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။