ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို အပြည့်အဝ ရရှိထားသူကတော့ ကြော်ငြာမင်းသမီးချောလေး စံထိပ်ထားဦးပဲ ဖြစ်ပါတယ်။ သူမဟာ ဝါရင့် သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ရဲ့ သမီးချောလေးဖြစ်ပြီး မိခင်ဖြစ်သူရဲ့ အနုပညာအမွေတွေကို  ဆက်ခံရရှိ  ထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ထိပ်ထိပ်တို့ သားအမိနှစ်ယောက်လုံးရဲ့ အနုပညာအလုပ်တွေကို အမြဲအားပေးနေကြတာပဲ ဖြစ်ပါတယ်။

Photo Crd- San Htate Htar Oo’s Facebook Account
Photo Crd- San Htate Htar Oo’s Facebook Account
Photo Crd- San Htate Htar Oo’s Facebook Account

ထိပ်ထိပ်လေးဟာ လတ်တလောမှာတော့ ကြော်ငြာလေးတွေ ရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေသာမကဘဲ ပညာရေးဘက်ကိုပါ မလစ်ဟင်းရအောင် အားထုတ်ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ထိပ်ထိပ်ဟာအားလပ်ချိန်တွေမှာလည်း Tik Tok လေးတွေ ဆော့ကစားလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ Tik Tok အကောင့်နဲ့ Facebook Story မှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- San Htate Htar Oo’s Tik Tok Account
Photo Crd- San Htate Htar Oo’s Tik Tok Account
Photo Crd- San Htate Htar Oo’s Facebook Account

ဒါကတော့ အိချောပိုရဲ့ညီမလေးနဲ့အတူ အမိုက်စားကကွက်တွေနဲ့ အပီအပြင်ဒွန့်နေတဲ့ စံထိပ်ထားဦးရဲ့ Tik Tok Video လေးတွေပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးတို့ သူငယ်ချင်းနှစ်ယောက်လုံးဟာ သီချင်းလေးရဲ့ တီးလုံးအတိုင်း စည်းချက်ညီညီကနေကြတာလည်း အသည်းယားစရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် စံထိပ်ထားဦးရဲ့ Tik Tok Video လေးတွေကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- San Htate Htar Oo’s Facebook and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။