နည်‌းပြကြီးဂတ်‌‌ကို‌ခေါင်‌းကိုက်‌‌စေမယ်‌့ယူ-၂၂ ‌နောက်‌တန်‌းပုစ္ဆာ

မြန်‌မာ့လက်‌‌ရွေးစင်‌ညွှန်‌့‌ပေါင်‌းအသင်‌းနဲ့ ဆီးဂိမ်‌းပြိုင်‌ပွဲဝင်‌

ယူ-၂၂ တို့ပွဲမှာ ယူ -၂၂က ၂ဂိုး၁ဂိုးနဲ့အနိုင်‌ရခဲ့ပါတယ်‌။

ညွှန်‌့‌ပေါင်‌းအသင်‌းအတွက်‌ ရန်‌ပိုင်‌ပထမပိုင်‌းမှာ ဂိုးသွင်‌းယူခဲ့ပြီး

ယူ -၂၂ အတွက်‌‌ချေပဂိုးနဲ့အနိုင်‌ဂိုးကို‌တော့သန်‌းပိုင်‌နဲ့‌အောင်‌သူက ဒုတိယပိုင်‌းမှာသွင်‌းယူ‌ပေးခဲ့တာပါ။

ယူ-၂၂ မှာ အသင်‌း‌ခေါင်‌း‌ဆောင်‌အဖြစ်‌စည်‌သူ‌အောင်‌ကပွဲထွက်‌လာခဲ့ပြီး

လက်‌‌ရွေးစင်‌အသင်‌းကြီးမှာသူကစား‌နေကျ‌နေရာမဟုတ်‌တ့ ကွင်‌းလယ်‌ဖန်‌တီးရှင်‌‌နေရာကို‌ပြောင်‌းလဲကစားခဲ့ပါတယ်‌။‌နေရာ‌ပြောင်‌းကစားခဲ့ရ‌ပေမယ်‌့ အ‌ကောင်‌းဆုံး‌ခြေစွမ်‌းပြကစားသွားနိုင်‌ခဲ့ပါတယ်‌။စည်‌သူ‌အောင်‌ကိုထပ်‌တိုး‌ရွေးချယ်‌ခဲ့တဲ့နည်‌းပြဂတ်‌ရဲ့ဆုံးဖြတ်‌ချက်‌မှန်‌ကန်‌တယ်‌လို့ဆိုရမှာပါ။

‌ရှေ့တန်‌းမှာ ‌အောင်‌သူကိုအ‌ထောင်‌ထား‌ဆော့ပြီး ရန်‌နိုင်‌ဦး၊ ‌မောင်‌‌မောင်‌လွင်‌ကိုရံကစား‌စေခဲ့ပါတယ်‌။‌အောင်‌ဟိန်‌းစိုးဦး၊ရန်‌ပိုင်‌စိုး၊ရဲရင်‌့ထွန်‌းတို့ရဲ့ကွင်‌းလယ်‌အားကိုယူကာ

ညွှန်‌့‌ပေါင်‌းအသင်‌းရဲ့ကွင်‌းလယ်‌ကိုထိန်‌းချုပ်‌‌စေခဲ့ပါတယ်‌။

စည်‌သူ‌အောင်‌က‌‌ိုတော့တိုက်‌စစ်‌ကိုပဲလိုက်‌ပါကစား‌စေခဲ့ပါတယ်‌။‌

နောက်‌တန်‌းမှာ‌တော့ ဟိန်‌းသီဟ‌ဇော်‌ ၊နန်‌း‌ဝေမင်‌း၊ထိုက်‌ထိုက်‌‌အောင်‌တို့နဲ့3 backsကစားဖို့ပြင်‌ဆင်‌‌စေခဲ့ပါတယ်‌။

3 backs ‌ဆော့တဲ့ပုံစံဟာ အားသာချက်‌‌တွေရှိသလို

အားနည်‌းချက်‌‌တွေလည်‌းရှိပါတယ်‌။

ရန်‌ပိုင်‌သွင်‌းသွားတဲ့ဂိုးဟာဆိုရင်‌ ထိုက်‌ထိုက်‌‌အောင်‌နဲ့ ရဲရင်‌ထွန်‌းကြားကSpace ကိုအ‌ကောင်‌းဆုံးအသုံးချသွားခဲ့တာပါ။ဟိန်‌းသီဟ‌ဇော်‌နဲ့၊နန်‌း‌ဝေမင်‌း တိုက်‌စစ်‌ကို လိုက်‌ပါသွားရင်‌သူတို့ရဲ့‌နေရာကို 

ထိုက်‌ထိုက်‌‌အောင်‌နဲ့ ရဲရင်‌့ထွန်‌းက လိုက်‌ဖြည်‌့‌ပေးရမှာပါ။

မဖြည်‌့‌ပေးနိုင်‌တဲ့အတွက်‌‌ကျော်‌ကိုကိုဟာတချိန်‌လုံး စိတ်‌ကြိုက်‌ကစားခွင်‌့ရ‌နေခဲ့ပါတယ်‌။3 backs ‌ဆော့တဲ့အတွက်‌‌နောက်‌တန်‌းမှာ တစ်‌ချိန်‌လုံး ကွက်‌လပ်‌‌တွေဖြစ်‌‌နေပါတယ်‌။တစ်‌ဖက်‌အသင်‌းရဲ့တိုက်‌စစ်‌မှူးသာ

ဒီဟာကွက်‌‌တွေကိုအ‌ကောင်‌းဆုံးအသုံးချသွားနိုင်‌မယ်‌ဆိုရင်‌‌တော့ဒုက္ခများသွားပါလိမ်‌့မယ်‌။

လာမယ်‌့ KBZ ဖလားပွဲမှာ‌တော့ နည်‌းပြကြီးဂတ်‌ဒီအချက်‌ကိုပြင်‌ဖို့လိုပါလိ်‌မ်‌့မယ်‌။ထိုက်‌ထိုက်‌‌အောင်‌နဲ့သီဟထက်‌‌အောင်‌ကို CB ‌နေရာမှာ ‌လက်‌‌ရွေးစင်‌အသင်‌းကြီးကဇော်‌မင်‌းထွန်‌း၊ဝင်‌းမင်‌းထွတ်‌လိုပုံစံမျိုး‌စမ်‌းကစားကြည်‌့ဖို့ဆိုရင်‌လည်‌းသီဟထက်‌‌အောင်‌ကMNLမှာပုံမှန်‌ပွဲထွက်‌ခွင်‌့‌ပျောက်‌‌နေလို့ နည်‌းပြဂတ်‌‌ခေါင်‌းခဲရမယ်‌့ပြဿနာတစ်‌ခုပါပဲ။

photo-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။