အသားရေ လှပတယ်ဆိုတာလည်း ဂုဏ်ယူစရာ တစ်ခုပါ။ ဘယ်နေရာ ဘယ်ရောက်ရောက် မိမိရဲ့ အသားရေ ကြောင့် စိတ်ညစ်ရတာမျိုး မရှိဘဲ ကိုယ့်ကိုကိုယ် ယုံကြည်မှု အမြဲရှိနေအောင် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် မျက်နှာ အသားအရေပါပဲ။ အိမ်မှာရေရင်း မီးဖိုချောင်သုံး ပစ္စည်းလေးတွေနဲ့ပဲ ပေါင်းတင်နိုင်ဖို့အတွက် ဒီနည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်။

လိုအပ်သော ပစ္စည်းများ

ဆန်မှုန့် - လက်ဖက်ရည်ဇွန်း (၂) ဇွန်း

ရေနွေး - လက်ဖက်ရည်ဇွန်း (၁) ဇွန်း (ရေနွေး အေးနေရပါမည်။)

ပျားရည် - လက်ဖက်ရည်ဇွန်း (၁/၂ ဇွန်း )

သုံးဆွဲပုံအဆင့်ဆင့်

• အထက်ဖော်ပြပါအတိုင်း လိုအပ်သော ပစ္စည်းများ အားလုံးကို ရောမွှေပါ။ ပြီးလျှင် မျက်နှာကို လိမ်းကျံထားပါ။ မိနစ် ၂ဝခန့် (သို့ ) မိနစ် ၂၀ ထက်ပို၍ လုံးဝ ခြောက်သွေ့သည်အထိ ထားပါ။

• မျက်နှာကို ရေနှင့် မသန့်စင်မီ အနှစ်များ လိမ်းကျံထားကို နေရာလွတ် မရှိရလေအောင် သတိပြုပါ။ ဆဲလ်သေများနှင့် အမဲစက်များကို လျှော့နည်းစေရန်အတွက် နေရာအနှံ့ဖြစ်ဖို့ လိုအပ်ပါသည်။

• ရေအေးနှင့် သန့်စင်ပါ။ ဆဲလ်သေများကို ဖယ်ရှားခြင်းနှင့် သင့်အသားအရေကို ချောမွေ့အောင် ကူညီပေးပါလိမ့်မည်။

ဘယ်အချိန်မှာ အသုံးပြုသင့်လဲ

• မနက်ပိုင်း ရေမချိုးခင် အသုံးပြုတာ အကောင်းဆုံးပါပဲ။

ဘာကြောင့် အသုံးပြုသင့်တာလဲ

• ရေနွေးမှာ ပါဝင်တဲ့ antioxidants က မျက်နှာအရေပြားပေါ်မှာရှိတဲ့ အမဲစက်တွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားနို်င်စွမ်း ရှိပါတယ်။ ပျားရည်ကို ပေါင်းထည့်လိုက်ခြင်းဖြင့် bactria ပိုးမွှားတွေ ဝင်ရောက်ခြင်းမှ ကာကွယ်နို်င်မှာ ဖြစ်ပါတယ်။ ရေဓာတ် ပြည့်ဝရန် အတွက်လည်း အထောက့်အပံ့ ပေးပါတယ်။ ဆန့်မှုန့်ဆိုတာကတော့ အကောင်းဆုံးသော scrub တစ်ခုပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။