မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေးတစ်ဦးဖြစ်တဲ့ ဝတ်မှုန်ရွှေရည်ကတော့ မသိသူမရှိလောက်အောင်ကို အောင်မြင်ကျော်ကြားနေသူလေး ဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်က ဖြူဖွေးဝင်းဥတဲ့အလှတရားတွေနဲ့ အပြစ်ပြောစရာမရှိလောက်အောင်ကို လှနိုင်သူလေးလည်း ဖြစ်ပါတယ်။ ရွှေကစ်လို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်က အသက်တစ်နှစ်ကြီးလာပေမယ့် လူငယ်လေးလို နုပျိုလှပနေဆဲ ဖြစ်ပါတယ်။

Photo Credit-Oakkarr
Photo Credit-MR.HAW
Photo Credit-MR.HAW

ဒီနေ့ သြဂုတ်လ (၁၀)ရက်နေ့လေးကတော့ အားလုံးချစ်ရတဲ့ မင်းသမီးချောလေး ရွှေကစ်ရဲ့အသက် (၃၂)နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဒီနှစ်မှာကျရောက်တဲ့ မွေးနေ့လေးအတွက် ရွှေကစ်က ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက အလှူအတန်းတွေကိုကြိုတင်ပြီး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ရွှေကစ်လေးက ချစ်ရတဲ့ဖေဖေ၊မေမေတို့နဲ့အတူ ကမ်းခြေကို မိသားစုလိုက် အပန်းဖြေခရီးထွက်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit-MR.HAW
Photo Credit-ALinn Yaung Photography
Photo Credit-Wutt Hmone Shwe Yi's IG Story

ကမ်းခြေကိုရောက်ရှိနေတဲ့ ရွှေကစ်လေးက မေမေနဲ့အတူ လမ်းလျှောက်ထွက်နေတဲ့ သူမရဲ့လှုပ်ရှားမှုလေးတွေကိုလည်း မျှဝေထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရွှေကစ်လေးက သူမရဲ့မွေးနေ့မှာ ဖေဖေနဲ့မေမေကို လက်အုပ်ချီပြီး ရိုရိုသေသေကန်တော့ခဲ့တာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ရတဲ့ဖေဖေ၊မေမေတို့ကိုပါခေါ်ပြီး ကမ်းခြေကိုအပန်းဖြေခရီးထွက်လာတဲ့ ရွှေကစ်လေးရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Wutt Hmone Shwe Yi's IG Story  

Photo Credit-Wutt Hmone Shwe Yi's IG Story
Photo Credit-Wutt Hmone Shwe Yi's IG Story

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။