ပရိသတ်ကြီးရေ....သွက်လက်တဲ့အမူအရာလေးတွေနဲ့ အများနဲ့မတူတဲ့ချစ်စရာဟန်ပန်လေးတွေနဲ့ပရိသတ်တွေရင်ထဲမှာ နေရာတစ်နေရာရရှိလာတဲ့ နေခြည်ဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ beauty bloggerတစ်ယောက်အနေနဲ့စတင်လာခဲ့ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ social influencerတစ်ယောက်အနေနဲ့ပါရပ်တည်တဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင်နေခြည်ဟာ မင်းသမီးတစ်ယောက်အနေနဲ့လည်းအနုပညာလမ်းကြောင်းပေါ်ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ရှင်ကားကြီးတွေ၊ဇာတ်လမ်းတွဲတွေထိပါ ‌ရိုက်ကူးလာနိုင်တဲ့သူဆိုလည်းမမှားပါဘူးနော်။


Photo credit-beautybynaychi's Facebook page
Photo credit-beautybynaychi's Facebook page

နေခြည်ဦးဟာ အလှအပပိုင်းကိုစိတ်ဝင်စားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် beauty bloggerတစ်ယောက်အနေနဲ့ရပ်တည်နေတာဖြစ်သလို ကိုယ်တိုင်လည်း ခွဲစိတ်ပြုပြင်မှုတွေကို ပြုလုပ်ထားတာဖြစ်ပါတယ်။ သူမရဲ့ ခွဲစိတ်ပြုပြင်မှုတွေနဲ့ပက်သက်ပြီးတော့ reviewတွေ သေချာပြောပြပေးလေ့ရှိပါတယ်နော်။ နေခြည်ဟာ ပွင့်လင်းစွာနဲ့နေထိုင်တတ်တဲ့သူလေးဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိနေတာပါ။


Photo credit-beautybynaychi's Facebook page
Photo credit-beautybynaychi's Facebook page

နေခြည်ဦးဟာ သူမရဲ့ပုံရိပ်လေးတွေ၊ vlogsလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "မုန်တိုင်းတွေပြီးသွားတိုင်းသက်တန့်ရောင်စင်လေးတွေ ထွက်လာတယ်။နေခြည်လဲ ဒီလိုပါဘဲ ချိုမြိန်တဲ့အပြုံးတွေ ပြန်ပေါ်လာတာပေါ့ ဟိတ် ဒီနေ့အတွက် sunscreen လိမ်းပြီးပြီလား" ဆိုတဲ့captionလေးနဲ့ ချစ်စရာပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-beautybynaychi's Facebook page
Photo credit-beautybynaychi's Facebook page

Source-beautybynaychi's Facebook page

Photo credit-beautybynaychi's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။