photo credit - Gambit Twitter account

Gambit Esports ကတော့ ပြီးခဲ့တဲ့နာရီပိုင်းလောက်က အသင်းရဲ့ midlaner “gpk” ဟာ Evil Geniuses အသင်းမှာ အငှားခနသွားရောက်ကစားပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Gpk ကတော့ Evil Geniuses မှာ နောက်ရက်ပိုင်းအတွင်းစတင်တော့မယ့် OMEGA League: Europe Immortal Divison ပြိုင်ပွဲတစ်ခုအတွက်သာ အငှားသွားရောက်ကစားပေးတာပဲဖြစ်ပါတယ်။

Evil Geniuses အသင်းရဲ့ midlaner “Abed” ဟာ အခက်အခဲလေးတွေကြောင့် အသင်းနဲ့ ပြန်မ join နိုင်သေးတာကြောင့် EG အနေနဲ့ gpk ကို အငှားအနေနဲ့ ခေါ်ယူကစားခဲ့ရတာပဲဖြစ်ပါတယ်။

OMEGA League: Europe Immortal Division ဝင်ရောက်ယှဉ်ပြိုင်မယ့် Evil Geniuses ရဲ့ roster ကတော့

Po 1 – Arteezy

Po 2 – gpk (stand-in)

Po 3 – RAMZES666

Po 4 – Cr1t-

Po 5 – Fly

တို့ပဲဖြစ်ပါတယ်။

source - Gambit twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။