ကမ္ဘာပေါ်မှာဆိုရင် ကျင်းပပြုလုပ်လေ့ရှိကြတဲ့ အားကစားပြိုင်ပွဲများစွာ ရှိပါတယ်။ ပြိုင်ပွဲတွေဟာလဲ တစ်ခုနဲ့တစ်ခု မတူညီပဲ အရသာအမျိုးမျိုး ပေးစွမ်းနိုင်တာမို့ ကြည့်ရသူ ပရိသတ်တွေကိုလဲ ကျေနပ်စေပါတယ်။ ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်တဲ့ World's Strongest Man ဆိုတာကလဲ လူသိများတဲ့ ပြိုင်ပွဲတွေထဲကတစ်ခုဖြစ်ပြီး အဲ့ပြိုင်ပွဲဟာဆိုရင် ကမ္ဘာပေါ်က အသန်းမာဆုံးသူတွေထဲမှာ ဘယ်သူက အသန်းမာဆုံးဆိုတာကို နှစ်စဉ်ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ နှစ်စဉ် Champion တွေရှိခဲ့ပြီး၂၀၂၀ အတွက်ရော ဘယ်သူက အသန်းမာဆုံးဖြစ်နိုင်မလဲဆိုတာကို အောက်မှာ ဖော်ပြလိုက်ပါတယ်။  

1. Brian Shaw

World's Strongest Man ပြိုင်ပွဲမှာ ၄ကြိမ်အနိုင်ရရှိထားတဲ့ သူကတော့ Brain Shaw ပဲဖြစ်ပါတယ်။ ၂၀၁၈ ကပြုလုပ်ခဲ့တဲ့ Arnold Strongman Classic ပြိုင်ပွဲမှာဆိုရင် သူဟာ ဒုတိယနေရာရှိခဲ့ပါတယ်။ 

Photo Credit : Men's Health

2. Hafþór Júlíus Björnsson

အသက်၃၀ရှိပြီဖြစ်တဲ့ Hafþór Júlíus Björnsson ကတော့ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့သူတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ Björnsson ဟာ Arnold Strongman Classic မှာလဲ အနိုင်ရဖူးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အဲ့အပြင် သူဟာတစ်နှစ်ထဲမှာပဲ Europe's Strongest Man နဲ့ the World's Strongest Man ဖြစ်လာတဲ့သူပါ။ သူဟာပထမကတော့ Basketball ကစားတာကိုကြိုက်နှစ်သက်ခဲ့တာဖြစ်ပြီး Basketball ဆော့တဲ့နေရာမှာလဲတော်ပါတယ်။ ဒဏ်ရာရခဲ့တာမို့ နောက်ပိုင်းသူဟာ မဆော့တော့ဘဲ ခုလို လေးလံတဲ့ကျောက်တုံးကြီးတွေကိုပဲ မခဲ့ပါတယ်။

Photo Credit : Men's Health

3. Adam Bishop

၂၀၂၀ မှာ Britain's Strongest Man ကိုအနိုင်ရရှိခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် Adam Bishop ကတော့ Harlequins Rugby Team ရဲ့ Senior Strength နဲ့ Conditioning Coach ပဲဖြစ်ပါတယ်။ သူဟာလဲတော်တော်ကိုသန်းမာတဲ့သူတစ်ယောက်မို့ ၂၀၂၀ ရဲ့အသန်းမာဆုံးသူဖြစ်နိုင်ပါတယ်။ 

Photo Credit : Men's Health

4. Mateusz Kieliszkowski

အသက် ၂၅ နှစ်သာရှိသေးတဲ့ Mateusz Kieliszkowski ကတော့ World's Strongest Man မှာ အသက်အငယ်ဆုံး ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အသက် ၂၂ နှစ်မှာဆိုရင် သူဟာ Arnold Strongman Classic မှာ အသက်အငယ်ဆုံးနဲ့ အနိုင်ရရှိခဲ့သူဖြစ်တာမို့ တော်တော်ကို သန်းမာတယ်ပြောရမှာပါပဲ။ 

Photo Credit : Men's Health

5. Martins Licis

အသက် ၂၉နှစ်နဲ့ 2019 World's Strongest Man မှာအနိုင်ရရှိခဲ့သူက Martins Licis ပဲဖြစ်ပါတယ်။ သူဟာပြိုင်ဘက်တွေဖြစ်တဲ့ Hafþór Júlíus Björnsson နဲ့ Mateusz Kieliszkowski တို့ကို ကျော်ပြီး အနိုင်ရရှိခဲ့တာပါ။ ၂၀၂၀ ခုနှစ်ရဲ့ World's Strongest Man မှာ ဘယ်သူအနိုင်ရရှိမလဲဆိုတာကိုတော့ စောင့်ရအုန်းမှာပါပဲ။

Photo Credit : Men's Health

သတင်းအရင်းမြစ် Men's Health

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။