ပရိသတ်ကြီးရေ.....သရုပ်‌ဆောင်မင်းသမီးချောလေး ချောရတနာရဲ့ညီမငယ်လေးဖြစ်တဲ့မော်ဒယ်လ်မင်းသမီးလေး သန္တာဗိုလ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပတဲ့အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတာဖြစ်ပြီး အရပ်မြင့်မြင့်လေးနဲ့ချစ်စရာကောင်းတဲ့သူလေးဖြစ်ပါတယ်။ ဒါ့ပြင်သန္တာဗိုလ်ဟာ အောင်မြင်တဲ့မော်ဒယ်လ်တစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမော်ဒယ်လ်တစ်ယောက်ဆိုလည်း မမှားပါဘူး။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

သန္တာဗိုလ်ဟာ သရုပ်ဆောင်ကောင်းပြည့်နဲ့လည်း ပရိတ်သတ်တွေအားကျရတဲ့ relationshipတစ်ခုကိုတည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိရှိနဲ့လက်တွဲနေကြတာပါ။ သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း(၈)နှစ်ကျော် ရှိနေပြီလည်းဖြစ်ပြီးတော့ လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်တွေအားကျနေရတာပါနော်။ သန္တာဗိုလ်ဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူလည်းဖြစ်တာကြောင့် မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်ပါးပါးနေတတ်သူလေးပါ။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc

မကြာသေးမီကလည်း သန္တာဗိုလ်ဟာသူမရဲ့ tik tok accလေးမှာ သူမရဲ့သူငယ်ချင်းဖြစ်တဲ့ အဆိုတော် စစ်သွေးရဲ့ တိတ်တိတ်လေးကြေကွဲဆိုတဲ့ သီချင်းလေးကို စစ်သွေးကရှေ့ကသီဆိုနေတာဖြစ်ပြီး သန္တာဗိုလ်နဲ့ကောင်းပြည့်ဟာ နှစ်ယောက်သားအတွဲညီညီနဲ့ သရုပ်ဆောင်နေတဲ့ ဗီဒီယိုလေးကို တင်ပေးလာပါတယ်။ ကဲ....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Thandar Bo's Facebook acc
Photo credit-Thandar Bo's Facebook acc
@thandarbo

- TyronBejay

Source& video Credit-Thandar Bo's Tik Tok acc

Photo credit-Thandar Bo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။