ချစ်ပရိသတ်ကြီးရေ မော်ဒယ်လ် မင်းသမီးချောလေး သန္တာဗိုလ်နဲ့ မင်းသားချောလေး ကောင်းပြည့်တို့ နှစ်ဦးကတော့ နားလည်မှုအပြည့်နဲ့ Relationship တစ်ခုကို တည်ဆောက်ထားကြတဲ့ လူငယ်စုံတွဲလေးပဲ ဖြစ်ပါတယ်။ 

သက်ဆိုင်ရာအနုပညာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုတွေတခဲနက်ရရှိထားတဲ့ သူတို့နှစ်ယောက်က ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတာလည်း ဖြစ်ပါတယ်။ 

Photo credit - Thandar Bo's FB page
Photo credit - Thandar Bo's FB page

ကောင်းပြည့်နဲ့ သန္တာဗိုလ်က တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုတွေ ထားရှိပြီး သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့တာဖြစ်လို့ အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ Relationship သက်တမ်းက အတော်ကြာပြီပဲ ဖြစ်ပါတယ်။ 

သူတို့နှစ်ယောက်ရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုကတော့ ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ကြော်ငြာလေးတွေနဲ့ Photo shooting တွေကိုလည်း လက်ခံ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

Photo credit - Thandar Bo's FB page
Photo credit - Thandar Bo's FB page

အမြဲဆိုသလို သူတို့နှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ မင်းသမီးချောလေး သန္တာဗိုလ်က ယနေ့မှာလည်း ပိုစ့်တစ်ခု တင်ပေးလာခဲ့ပါတယ်။ ချစ်သူ ကောင်းပြည့်က သူမရဲ့ လက်သည်းတွေကို သေချာညှပ်ပေးနေတဲ့ ကြည်နူးစရာဗီဒီယိုဖိုင်လေးကို Mydayမှာ တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Thandar Bo's FB page
Photo credit - Thandar Bo's FB page

Photo credit - Thandar Bo's FB page

Source & Video credit - Thandar Bo's Myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။