ပရိသတ်ကြီးရေ.. မမြတ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောအေးမြတ်သူကတော့ ချစ်စရာကောင်းပြီး ပွင့်လင်းတဲ့ဟန်ပန် အပြောအဆိုလေးတွေနဲ့ ဟန်ဆောင်မှုကင်းတဲ့ နေထိုင်ပုံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့သူလေးပါ။ ဒါ့ပြင်သူမရဲ့ ကျော့ရှင်းလှတဲ့အလှတရားလေးနဲ့ ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးဟာလည်း ပရိသတ်ရင်ကိုထိမှန်စေတာ အသေအချာပါပဲဖြစ်ပါတယ်။


Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page

အေးမြတ်သူဟာ အနုပညာလောကမှာလည်းဆယ်စုနှစ်တစ်ခုနီးပါး အောင်မြင်အောင်ရပ်တည်နေနိုင်တဲ့သူလည်းဖြစ်ပြီးတော့ အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားတဲ့သူလေးပါ။ သူမရဲ့ ကျစ်လျစ်လှပတဲ့ ဘော်ဒီကောက်ကြောင်းလေးဟာဆိုရင်လည်း ပုရိသတွေသာမက မိန်းကလေးချင်းပါကြွေရတဲ့သူလေးဆိုလည်း မမှားပါဘူးနော်။ အေးမြတ်သူဟာ အမြဲပျော်ပျော်နေတတ်တဲ့သူလည်း ဖြစ်ပြီးတော့ ဆယ်ကျော်သက်လေး‌တစ်ယောက်လိုလည်း နုပျိုနေတာဖြစ်ပါတယ်။


Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page

မကြာသေးမီက အေးမြတ်သူဟာ သူမရဲ့ Facebookစာမျက်နှာတွင် "သူဖြစ်စေချင်တဲ့ ..... ဖြူစင်သောမိန်းခလေးမဖြစ်ခဲ့တာ.....ကိုယ့်အားနည်းချက်ပါ......အချိန်တိုင်းမဖြူစင်ခဲ့ရင်တောင် မင်းကို ချစ်တဲ့အချိန်မှာတော့ ကိုယ်ဖြူစင်ခဲ့တယ် ..... ချစ်သူ ...ဘာမှမခြယ်...မပြင်ဆင်ထားရင်တောင် .... နှုတ်ခမ်းနီလေး ဆိုးရုံနဲ့ လှပမှုပြည့်စုံတယ်လို့ .. မင်းပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ကိုယ် နှုတ်ခမ်းနီလေးတော့ အမြဲဆိုးတက်လာပြီ ချစ်သူအသက်၃၅ နှစ် မိန်းမတစ်ဦး က မင်း ချစ်ခြင်းတွေကြောင့် နုပျိုနေတယ်ရှင့်....."ဆိုပြီးရေးသားလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Aye Myat Thu's Facebook page
Photo credit-Aye Myat Thu's Facebook page

Source-Aye Myat Thu's Facebook page

Photo credit-Aye Myat Thu's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။