ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်လည်းကောင်းသလို အဆိုပိုင်းမှာလည်း ပီပြင်ပိုင်နိုင်လွန်းတဲ့ စန္ဒီမြင့်လွင်ကတော့ အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန်သာလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ ခင်ပွန်းသည်ရဲ့ အလိုလိုက် ဂရုစိုက်မှုတွေကို အပြည့်အဝရရှိထားတဲ့ စန္ဒီမြင့်လွင်က တစ်နေ့တခြားအလှတွေပိုလာခဲ့ပြီး သူမနဲ့တူတဲ့ သမီးလေးတစ်ယောက်ကိုလည်း မွေးဖွားထားတာကိုလည်း တွေ့ရပါတယ်။

Photo credit - Khin Lin Htin - Treasure's FB page
Photo credit - Khin Lin Htin - Treasure's FB page

ပါးဖောင်းဖောင်း ဝကစ်ကစ်လေးနဲ့ အသည်းယားအချစ်ပိုစရာကောင်းလွန်းတဲ့ သူမရဲ့ သမီးလေး Treasureကတော့ အခုဆိုရင် အသက် ၁နှစ်ကျော်အရွယ် ရှိနေပြီလည်းဖြစ်ပါတယ်။ Treasureလေးက ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးဖြစ်ရုံသာမကပဲ ပရိသတ်တွေကလည်း အချစ်ပိုနေကြတာပါနော်။ သမီးလေးရဲ့ လှုပ်ရှားမှုလေးတွေကို မကြာခဏဆိုသလို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိနေတဲ့ မေမေ စန္ဒီမြင့်လွင်က ယခုမှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ 

Photo credit - Khin Lin Htin - Treasure's FB page
Photo credit - Khin Lin Htin - Treasure's FB page

မေမေစန္ဒီမြင့်လွင်က ၁နှစ်ကျော်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေး Treasureရဲ့ မတ်တပ်စမ်းရပ်နေတဲ့ အသည်းယားစရာ ပုံလေးကို တင်ကာ " 3 seconds of standing " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာပဲဖြစ်ပါတယ်။ ဝကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းလွန်းတဲ့ Treasureရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Khin Lin Htin - Treasure's FB page
Photo credit - Khin Lin Htin - Treasure's FB page
Photo credit - Khin Lin Htin - Treasure's FB page

Source & Photo credit - Khin Lin Htin - Treasure's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။