ပရိသတ်ကြီးရေ.....ချစ်စရာကောင်းပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် စန္ဒီမြင့်လွင်လည်း အပါအဝင်ဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်ရဲ့သမီးလေးဖြစ်တဲ့ Treasureလေးဟာလည်း ပါးဖောင်းဖောင်းလေးနဲ့အရမ်းကိုချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကသူမရဲ့သမီးလေးကိုပါ အချစ်တွေပိုနေရတာပါ။ Treasureလေးဟာလည်းမေမေနဲ့အတူ ကြော်ငြာတွေလည်းရိုက်ကူးနေပြီဖြစ်ပြီး ချစ်စရာကောင်းလွန်းတာကြောင့် ဖေဖေမေမေနဲ့ ဘွားဘွားရဲ့အသည်းစွဲလေးပါ။


Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

ဒီနေ့ ဩဂုတ်လ(၁၂)ရက်နေ့လေးဟာဆိုရင်လည်း ဒီးဒီရဲ့ ၃၄နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်နော်။ သူမရဲ့ မွေးနေ့ရက်မြတ်လေးမှာဆိုရင်လည်း စန္ဒီမြင့်လွင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ ဘဝမှာတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို သေချာရေးသားပြီးတင်ပေးလာတာကိုလည်း တွေ့ရပါတယ်။ အခုလက်ရှိမှာတော့ သူမတို့မိသားစုလေးဟာ သိုက်သိုက်ဝန်းဝန်းလေးနဲ့ ချစ်စရာသမီးလေးရယ် ခင်ပွန်းရယ်နဲ့အတူ သာယာပျော်ရွှင်နေတာလည်းဖြစ်ပါတယ်နော်။


Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

စန္ဒီမြင့်လွင်ရဲ့ ခင်ပွန်းဖြစ်တဲ့ကိုသီဟဟာဆိုရင်လည်း မကြာသေးမီကသူ့ရဲ့ Facebookစာမျက်နှာမှာ "Happy birthday , we love you, really" ဆိုတဲ့စာသားလေးနဲ့အတူ ဒီးဒီတို့သားအမိနှစ်ယောက်ရဲ့ ပုံလေးတင်ပေးကာ မွေးနေ့ဆုတောင်းပေးလာတာဖြစ်ပါတယ်။ ဒီးဒီတစ်ယောက်ကတော့ ခင်ပွန်းဖြစ်သူရဲ့အရမ်းချစ်တာကို ခံရတဲ့အတွက်ပျော်နေမှာ အသေအချာပါပဲ။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Sandy Myint Lwin's Facebook page
Photo credit-Sandy Myint Lwin's Facebook page

Source-Thiha Leo's Facebook acc

Photo credit-Sandy Myint Lwin's Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။