ဇာတ်ပို့သရုပ်ဆောင် ကိုပေါက်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး စိတ်ချမ်းသာပျော်ရွှင်နေတာပါနော်။ ကိုပေါက်ကတော့ ချစ်ရတဲ့ ဇနီးချောလေးနဲ့အတူ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ယခုလို အောင်မြင်မှုတွေရရှိလာခဲ့တာလည်းဖြစ်ပါတယ်။ ကိုပေါက် သရုပ်ဆောင်တစ်ယောက်ဖြစ်ရုံသာမကပဲ ကဗျာရေး ဇာတ်ညွှန်းရေးတဲ့ ဒါရိုက်တာတစ်ယောက်အနေနဲ့လည်း အနုပညာလောကမှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။  

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

လတ်တလောမှာတော့ ကိုပေါက်က ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပြန်လည်လုပ်ကိုင်နေပြီး အားလပ်တဲ့အချိန်လေးတွေမှာလည်း ခရီးတွေသွားရောက်နေတာပဲဖြစ်ပါတယ်။ ကိုပေါက်က မိသားစုကိုလည်း အချိန်ပေးသူတစ်ယောက်ဖြစ်တဲ့အပြင် စကားသွက်တဲ့ သားသားလေးနှစ်ယောက်ကြောင့်လည်း အမြဲပျော်ရွှင်နေရတာပါနော်။ ယနေ့မှာ ဩဂုတ်လ ၁၂ရက်နေ့လေးကတော့ ကိုပေါက်ရဲ့ သားငယ်လေး ဉာဏ်သုတလင်း ရဲ့ ၅နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ 

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က သားလေးရဲ့ မွေးနေ့မှာ " ချစ်ရတဲ့သားငယ်လေးရေ ဘာလိုလိုနဲ့ သားငယ်လေး ဉာဏ်သုတလင်း တောင် ၅နှစ်ပြည့်သွားပြီ။ မွေးနေ့မှာ ကျန်းမာချမ်းသာပြီး အစစ အရာရာ လိုတိုင်းတ ရနိုင်ပြီး သက်ရှည်ကျန်းမာပါစေ။ မိဘက အထင်ကြီးလေးစားရပြီး လူအများအတွက်ကောင်းကျိုးပြုနိုင်သောသူဖြစ်ပါစေ။ ထူးချွန်ထက်မြက်တဲ့ ပညာတတ်ကြီးဖြစ်ပြီး အမှားအမှန်ကို ကောင်းစွာခွဲခြားနိုင်သော ဉာဏ်အမျှော် အမြင်ရပါစေသားရေ။ သားသားကိုအရမ်းချစ်တယ် " ဆိုတဲ့ ဆုမွန်ကောင်းလေးအပြင် ချစ်စရာကောင်းတဲ့ ပုံလေးတွေကိုလည်း တင်ပေးလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source - Aung Min Naing's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။