ချစ်ရတဲ့ ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်​အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဖြူဖြူထွေးက ကျောင်းကပွဲတစ်ခုရဲ့ စင်မြင့်ထက်မှာ ကပြဖျော်ဖြေရင်း လူသိများအောင်မြင်လာတာပဲဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကို အပြုံးနဲ့ ရင်ဆိုင်ရင်း အောင်မြင်မှုတွေကို ရယူခဲ့တဲ့ ဖြူဖြူထွေးက အခုလက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

Photo credit - Amazing Grace
Photo credit - Amazing Grace

လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေရတဲ့ ဖြူဖြူထွေးက သူမရဲ့ အားလပ်တဲ့အချိန်လေးတွေမှာ ပရိသတ်တွေအတွက် အလှပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာကိုလည်း တွေ့ရပါတယ်။ ရုပ်ရည်လေးက ပြစ်ချက်မရှိလှနေတဲ့အပြင် စိတ်ထားလေးကလည်း မွန်မြတ်ဖြူစင်လွန်းတာကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလိုလည်း သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတဲ့ ဖြူဖြူထွေးက ယခုမှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်...။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

ဖြူဖြူထွေးက လှပတဲ့ ပန်းနုရောင် ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ကာ အသည်းယားစရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ပိုစ့်ပေး ဓာတ်ဖမ်းနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ပုံလေးတွေတိုင်းက မြင်သူတိုင်းကို ရင်ကို အေးချမ်းစေတဲ့အပြင် " အပြုံးလေးတွေဖန်ဆင်းထားပေမယ့် ​နှလုံးသားလေးက နုနုလေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် ။ ကဲ ချစ်ရတဲ့ ပရိသတ်တွေကလည်း ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...။

Photo credit - Amazing Grace
Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Phyu Phyu Htwe's FB account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။