(၁) သင့် ကောင်မလေးဆီမှာ…. သူ သိပ်ချစ်တဲ့ သင့်အတွက် မာနတွေ၊ သိက္ခာတွေ၊

အတ္တတွေမရှိတော့ဘူးဆိုရင်

သင်တွေးရမှာက တကယ်မချစ်ဘဲ အနစ်နာခံဖို့ဆိုတာ မိန်းကလေးတွေအတွက်တော့ နည်းနည်းလေးမှ မဖြစ်နိုင်ပါဘူး။

(၂) သင့်ကောင်မလေးက …. တခါတလေ စကားတွေ တဗျစ်တောက်တောက်ပြောပြီး၊ တခါတလေကျတော ့ အပြစ်ရှိသူတစ်ယောက်လို ခေါင်းငုံ့နေတတ်တယ်ဆိုရင်

သင်ပျော်ဖို့ ဘာလိုအပ်လည်း ဆိုတာ တွေးပြီး သင်ပျော်ပါစေ ဆိုတဲ ့ ခံစားချက်လေးတွေနဲ ့အရာရာကို အရှုံးပေး၊ နားလည်ပေး ချစ်နိုင်သူပါ ။

(၃) သင့် ကောင်မလေးက …. အရူးတစ်ယောက်လို ငိုလိုက် ရယ်လိုက် ဖြစ်နေတာမျိုးကိုလည်း အပိုတွေလို့ မထင်လိုက်ပါနဲ့ ။

သင့်ကိုချစ်တဲ့ စိတ်ကြောင့်သာ မဟုတ်ခဲ့ရင်…အရာရာ စွန့်စားရဲတဲ့ သတ္တိမျိုးကိုု အိမ်မက်ပဲ မက်ဖူးကြတာပါ။ ဥမမာ - အိမ်က ဆူတယ်၊ သူငယ်ချင်းတွေက တားတယ်ဆိုရင်တောင် သူက သင့်ကိုပဲ ဆက်ချစ်နေတတ်တာမျိုး။

(၄) သင့် ကောင်မလေးက…. သင် အလုပ်အကိုင်တွေ အဆင်ပြေစေဖို့ ၊ ကျန်းမာရေးကောင်းဖို့

ဘုရား ရှိခိုးပြီး မေတ္တာပို့လေ့ရှိတတ်တယ် ။ အလှူခံဖြတ်ပိုင်းလေးတွေကို အမှတ်တရ သိမ်းထားတတ်တယ်။ ဥပမာ အတူစီးခဲ့တဲ့ ကားလက်မှတ်အပါအဝင် အမှတ်တရအရာအားလုံးကိုပေ့ါ။

ဒါဆို သင်ဂုဏ်ယူလိုက်ပါ။ ဒီလို အမှတ်တရတွေ အများကြီး သိမ်းဆည်းတတ်တဲ ့ မိန်းကလေးအတွက်

သင်လည်း သိမ်းဆည်းခံသူတစ်ယောက်ဖြစ်ခဲ့ရင် သူက သင့်ကို တန်ဖိုးထားနေပါပြီ….။

(၅) သင့် ကောင်မလေးဆီမှာ…. သင့် အပူမီးတွေကို ရင်ဖွင့်လို့ ရပြီဆိုရင်တော့

သိပ်ကို အ့ံအားသင့်လောက်အောင် စိတ်ဓါတ် ပြင်းထန်ပုံက သူက သင့်အပူမီးတွေကိုပါ ကောင်းကောင်းကြီး ကူးဆက်ခံနိုင်တယ် ဆိုတာပါပဲ ။ သင် အကူအညီတောင်းစရာမလိုဘဲ သူက ကူညီပေးဖို့ အဆင်သင့့်ဖြစ်နေပါလိမ့်မယ်။

(၆) သင့် ကောင်မလးက …. သင်စိတ်တိုင်းကျ လွတ်လပ်စွာ နေထိုင်တာကို ခွင့်လွှတ်ပေးနိုင်တယ်ဆိုရင်

သူက သင့်ကို ကောင်းကောင်းကြီး နားလည်ပေးနိုင်တဲ့ အပြင် အပေါင်းအသင်းတွေကြားမှာလည်း သင့်ကောင်းကြောင်းတွေပဲ ကြွားဝါ ပြောဆိုတတ်သူ ဖြစ်ပါလိမ့်မယ်။ ဥပမာ - သင်နဲ့ ပတ်သက်ပြီး ကြံဖန်ဂုဏ်ယူနေတတ်တာမျိုးပေါ့ ။

(၇) ရန်ဖြစ်တိုင်း အချင်းချင်း စကားနာထိုးကြတဲ့အခါ သင့် ကောင်မလေးက သင့်ကို မမုန်းဘူးဆိုရင်

သူက သင့်ဆီက စကားလေးတစ်ခွန်းကြားတာနဲ့ အရာအားလုံးကို သင်ပုန်းချေနိုင်စွမ်းရှိသူပါ….။

ဒါကို မှတ်ဉာဏ် မရှိတဲ့ မိန်းမ အဖြစ် မထင်လိုက်ပါနဲ့။ စိတ်ဆိုး စိတ်ကောက်အောင်လုပ်ပြီးရင် ပြန်ချော ့ဖို့မမေ ့ပါနဲ့။ ဝမ်းနည်းအောင်လုပ်ပြီးရင်လည်း ပျော်ရွှင်အောင်လုပ်ပေးဖို ့လည်းမမေ ့ပါနဲ့။

(၈) သင့် ကောင်မလေးက .... အိမ်တွင်းရေးကိစ္စတွေနဲ့ အချို့အကြောင်းအရာတွေကို မကြာခဏ ပြောပါနေပြီလား ?

ဒါဆိုရင်တော့ သင့်ကို သိပ်ကို အားကိုးပြီး ယုံကြည်လို့ပါ ။ စိတ်မဝင်စားသည့်တိုင်် လျစ်လျူမရှုလိုက်ပါနဲ့ ။ သူတို့ အတွင်းစိတ်လေး သက်သာရအောင် နားထောင်ပေးလိုက်ပါ ။

လူတိုင်းက အရာအားလုံး ပြီးပြည့်စုံတယ်မရှိပေမဲ့ သင်သာ ဒီအချက်လေးတွေပိုင်ဆိုင်နေရင် သင့်မှာ အရမ်းကို ချစ်ခင်၊ မြတ်နိုးစရာကောင်းတဲ ့ချစ်သူမိန်းကလေးရှိနေပါပြီ။

မိန်းကလေးတစ်ယောက်ကို အချစ်စစ်၊ အချစ်မှန်နဲ့ ဂရုစိုက် တန်ဖိုးထားရင်း ချစ်သူနဲ့ ပေါင်းဖက်နိုင်ကြပါစေ......။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။