ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုအိမ့်စံကတော့ ရိုးရှင်းလှပတဲ့ ပါတိတ်ဝမ်းဆက်လေးကို ဝတ်ဆင်ပြီး ပရိသတ်တွေရဲ့ အကြည့်တွေကို ဖမ်းစားလိုက်ပြန်ပါပြီနော်။ ဆုဆုက အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဝါရင့် သရုပ်ဆောင်များနဲ့အတူ တွဲဖက်သရုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆုဆုက အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာလေးတွေနဲ့ photo shootingတွေကိုလည်း လက်ခံရိုက်ကူးပေးနေတာပဲဖြစ်ပါတယ်။

Photo credit - Hsu Eaint San's FB page

ဆုဆုက တောင့်တင်းလှပပြီး မြင်သူငေးရလောက်တဲ့ ကိုယ်ခန္ဓာအချိုးအစားတွေကို ပိုင်ဆိုင်ထားတာဖြစ်လို့ ပုရိသတွေရဲ့ အားပေးဝန်းရံခြင်းကိုလည်း တခဲနက်ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ အမြဲလိုလို သူမရဲ့ အနုပညာလှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ပုံရိပ်အလန်းလေးတွေကို တင်ပေးလေ့ရှိနေတဲ့ ဆုဆုက ယခုမှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဆုဆုက ကျက်သရေရှိပြီး လှပတဲ့ ပါတိတ်ဝမ်းဆက်လေးကို ဝတ်ဆင်ကာ အမိုက်စားပိုစ့်လေးတွေနဲ့ ဓာတ်ဖမ်းထားတာပဲဖြစ်ပါတယ်။ 

Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page

အုတ်နံရံကို အသာလေးမှီကာ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေထင်ပေါ်နေတဲ့ ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ ဆုအိမ့်စံရဲ့ ပုံလေးတွေတိုင်းက မြင်သူငေးရလောက်အောင် ဆွဲဆောင်မှုရှိရှိလှနေတဲ့ အပြင် ဦးခေါင်းထက်က ပန်းလေးတွေကြောင့်လည်း အလှတွေပိုတိုးနေတာလည်းဖြစ်ပါတယ်။ ပုံလေးတွေအပြင် " ထာဝရ ချစ်ပေးပါနော် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ချစ်ပရိသတ်တွေကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်...။

Photo credit - Hsu Eaint San's FB page
Photo credit - Hsu Eaint San's FB page

Photo credit - Hsu Eaint San's FB page

Source - Hsu Eaint San's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။