ပရိသတ်ကြီးရေ....ဟန်ဆောင်မှုမရှိ ရိုးသားပွင့်လင်းစွာနဲ့နေထိုင်တတ်ပြီး ပရိသတ်တွေရဲ့ရင်ထဲမှာ နေရာတစ်နေရာရရှိထားတဲ့ မင်းသားချောနေမင်းကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ ဗီဒီယိုဇာတ်ကားများ‌ ကြော်ငြာများနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိထားတဲ့ မင်းသားချောလေးဖြစ်ပါတယ်။ နေမင်းဟာသရုပ်ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့သူဖြစ်ပြီး ရုပ်ရှင်ကားကြီးပေါင်းများစွာကိုလည်း ရိုက်ကူထားတာပါ။


Photo credit-Nay Min's Facebook acc
Photo credit-Nay Min's Facebook acc

နေမင်းဟာ အေးဆေးစွာနေထိုင်တတ်တဲ့သူလည်းဖြစ်ပြီး မိသားစုကိုအချိန်ပေးကာ မိခင်အပေါ်မှာသိတတ်လိမ္မာတဲ့ သားလေးတစ်ယောက်ဖြစ်ပါတယ်။ နေမင်းဟာအခုလတ်တလောမှာဆိုရင် ခရီးတွေသွားနေတာလည်း ဖြစ်ပြီး ခရီးသွားရင်းနဲ့တွေ့ရတဲ့ သဘာ၀အလှတရားတွေနဲ့ အတွေ့အကြုံတွေကို သူ့ရဲ့Facebookစာမျက်နှာမှာ တင်ပေးတတ်ပါတယ်နော်။


Photo credit-Nay Min's Facebook acc
Photo credit-Nay Min's Facebook acc

မကြာသေးမီကလည်း သူ့ရဲ့ Facebook စာမျက်နှာမှာ "နွံအိုင်ဗွက်ထဲမှ ထွက်နိုင်ခဲ့သည်" ဆိုတဲ့ captionလေးနဲ့ သူ့ရဲ့ကားလေး နွံဗွက်‌အိုင်ထဲနစ်နေတာကြောင့် လူအများရဲ့အကူအညီနဲ့ ရုန်းထွက်ခဲ့ရတဲ့ ဗီဒီယိုလေးကိုတင်ပေးလာပါတယ်။ နွံတွေက တော်တော်လေးကိုများတာနော်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။


Photo credit-Nay Min's Facebook acc
Photo credit-Nay Min's Facebook acc

Source;Photo credit-Nay Min's Facebook acc

video credit-Nay Min's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။