ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးကတော့ MRTV-4 မင်းသမီးချောလေး ပိုးကြာဖြူခင်ပဲ ဖြစ်ပါတယ်နော်..။ ချစ်စရာကောင်းပြီး အေးချမ်းတဲ့အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ ပိုးကြာဖြူခင်ကတော့ သရုပ်ဆောင်လည်းကောင်းသူလေးမို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့သူလေးဆိုလည်း မမှားပါဘူး။


Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

ပိုးကြာဖြူခင်ဟာ မိုးကောင်ကင်အိမ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲမှာဆိုင်းမိုင်အနေနဲ့ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိတ်သတ်တွေကသူမကိုနောက်ပိုင်းမှာ ဆိုင်းမိုင်လို့ချစ်စနိုးခေါ်ကြတာပါနော်။ ပိုးကြာဖြူခင်ဟာ အနုပညာအလုပ်တွေဆက်တိုက်ဆိုသလိုကြိုးစားလုပ်ကိုင်နေတာဖြစ်ပြီး ပရိသတ်တွေအတွက် အမြဲကြိုးစားနေတာပဲ ဖြစ်ပါတယ်။


Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

ပိုးကြာဖြူခင်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုပုံလေးတွေနဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "Oppa နဲ့ coffee date ချင်လို့" ဆိုတဲ့ captionလေးနဲ့ ‌ချစ်စရာကောင်းနေတဲ့ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Poe Kyar Phyu Khin's Facebook acc
Photo credit-Poe Kyar Phyu Khin's Facebook acc

Source-Poe Kyar Phyu Khin's Facebook acc

Photo credit-Poe Kyar Phyu Khin's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။