အမျိုးသမီးတစ်ယောက်အနေနဲ့ တစ်နေ့ကို ၀ိုင် တစ်ခွက်ကနေ နှစ်ခွက်အထိသောက်သုံးမယ်ဆိုရင် အသက်အရွယ်ကြီးတဲ့အချိန်မှာဖြစ်ပေါ်တတ်တဲ့ အရိုးပါးရောဂါကိုကာကွယ်ပေးနိုင်တယ်လို့ သုတေသနပြုမှုအသစ်တစ်ခုကဖော်ပြလာပါတယ်။

အရက်ရဲ့ ကောင်းကျိုးဆိုးကျိုးများကိုသုတေသနပြုတဲ့ International Scientifi Forum မှာဒီတွေ့ရှိချက်ကိုကြေငြာခဲ့တာ ဖြစ်ပြီးအမျိုးသမီးများအနေနဲ့ သွေးဆုံးချိန်နောက်ပိုင်းမှာ ၀ိုင်သောက်သုံးခြင်းက အရိုးကိုသန်မာစေဖို့ အထောက်အကူပြု တယ်လို့ ဆိုထားပါတယ်။

ဒီသုတေသနပြုမှုကို University of Oregon မှ သုတေသီများကလေ့လာတွေ့ရှိခဲ့တာဖြစ်ပြီးဝိုင်ကိုသင့်တင့်မျှတစွာသောက်သုံးပါကအရိုးသန်မာစေဖို့ ဆေးများမှီဝဲခြင်းကဲ့သို ဆတူအကျိုးသက်ရောက်မှုရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှု အတွက် ပျှမ်းမျှ အသက် (၅၆) နှစ်ရှိတဲ့ သွေးဆုံးပြီးအမျိုးသမီး (၄၀) ကိုလေ့လာစောင့်ကြည့်ခဲ့တာဖြစ်တယ် လို့ Menopause ဂျာနယ်မှာဖော်ပြထားပါတယ်။

သို့သော်လည်းအခြားတစ်ဖက်ကကြည့်မယ်ဆိုရင်၊ အယ်လ်ကိုဟောပမာဏလိုအပ်တာထပ်များခဲ့ပါကလမ်းသွားနေစဉ် ခြေချော်လဲပြီးအရိုးကျိုးခြင်းများအဖြစ်များနိုင်ကြောင်း ဗြိတိန်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကိုThe Telegraph မှာရေးသားထားပါတယ်။

Harvard University ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုကတော့ အမျိုးသမီးများအနေနဲ့ တစ်နေ့ကိုအယ်လ်ကိုဟောဓာတ်ပါ တဲ့ အရည်တစ်မျိုးမျိုးကိုုတစ်ဖန်ခွက်သောက်သုံးသင့်ပြီး၊ တစ်ဖန်ခွက်ထပ်မပိုလည်းမပိုမလျော့လည်းမလျော့တဲ့ပမာဏသာလျှင် အသင့်တော်ဆုံးဖြစ်တယ်လို့ ဆိုထားပါတယ်။

သက်လတ်ပိုင်းအမျိုးသမီး (၁၄၀၀၀) ကိုလေ့လာမှုများပြုလုပ်ခဲ့ရာအယ်လ်ကိုဟောဓာတ်ပါတဲ့ ဘီယာနဲ့ ၀ိုင် များကိုသင့်တင့်စွာသောက်သုံးပါကခေါင်းစိုက်နေအောင် သောက်သုံးသူအမျိုးသမီးများနဲ့ နှိုင်းယှဉ်ရင် အသက် (၇၀) ခန့်အထိကျန်းမာစွာနေနိုင်ကြောင်းသတင်းမှာဖော်ပြထားပါတယ်။

သတင်းအရင်းမြစ် myan people magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။