photo credit - HLTV

Europe region က cs:go team တစ်ခုဖြစ်တဲ့ FaZe Clan ကတော့ သူတို့ရဲ့ stand-in player အနေနဲ့ခေါ်ယူထားတဲ့ Bymas ဟာ mousesports ကိုပြောင်းရွှေ့သွားတာကြောင့် သူ့ရဲ့ နေရာမှာအစားထိုးဖို့ player တစ်ယောက်လိုအပ်နေခဲ့ပါတယ်။

ဒီလိုအပ်ချက်ကို အစားထိုးဖို့အတွက် FaZe Clan အနေနဲ့ free agents ဖြစ်နေတဲ့ Kjaerbye ကိုခေါ်ယူခဲ့ပါတယ်။

Kjaerbye ဟာ အသက် 22 နှစ်အရွယ် Denmark နိုင်ငံသား cs:go pro player တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ 7 လပိုင်း 10 ရက်နေ့ကမှ North ကနေ ထွက်ခွာခဲ့တာပဲဖြစ်ပါတယ်။

North မှာရှိစဉ်ထဲက ကောင်းမွန်တဲ့ performance ကောင်းတွေပြသနေတဲ့ Kjaerbye အနေနဲ့လည်း FaZe Clan နဲ့အတူ ပြောက်ဆုံးနေတဲ့ champion ဆုတွေကို ရယူသွားနိုင်မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါပဲ။

FaZe Clan ရဲ့လက်ရှိ cs:go roster ကတော့

Håvard "⁠rain⁠" Nygaard

Nikola "⁠NiKo⁠" Kovač

Marcelo "⁠coldzera⁠" David

Helvijs "⁠broky⁠" Saukants

Markus "⁠Kjaerbye⁠" Kjærbye

Janko "⁠YNk⁠" Paunović (coach)

တို့ပဲဖြစ်ပါတယ်။ 

source - FaZE Clan twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။