ကမ္ဘာပေါ်မှာဆိုရင် အားကစားနည်းပေါင်းများစွာရှိတာကို ပရိသတ်ကြီးတွေလဲ သိရှိကြမှာပါ။ နိုင်ငံတကာအလိုက်ကိုယ်ပိုင်အားကစားနည်းတွေနဲ့ ပြိုင်ပွဲတွေလဲ ရှိကြသလို တစ်ကမ္ဘာလုံး စုပေါင်းပြီး လုပ်တဲ့ ပြိုင်ပွဲတွေလဲရှိကြပါတယ်။ နိုင်ငံတကာအလိုက်များစွာသော အားကစားနည်းတွေရှိတဲ့ထဲကမှ တချို့သော အားကစားတွေဟာဆိုရင် သာမန်အားကစားနည်းတွေထက် ပိုပြီး ထူးဆန်းနေတက်ပါတယ်။ အဲ့လိုထူးဆန်းတဲ့အားကစားတွေထဲကမှ England ရဲ့ Octopush လို့ခေါ်တဲ့ ရေအောက် ဟော်ကီကလဲ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ 

Photo Credit : Go-Today
Photo Credit : Go-Today

Octopush ကစားနည်းဟာဆိုရင် ၁၉၀၄ ခုနှစ်တုန်းက British diving club အဖွဲ့ဝင်တွေကို ဆောင်းရာသီမှာလဲ ဆက်လက်ရှိနေနိုင်အောင် ပြုလုပ်ခဲ့တဲ့ အားကစားနည်းဖြစ်ပါတယ်။ Octopush ကို တစ်နည်းအားဖြင့် Underwater Hockey လို့လဲ လူသိကြပါတယ်။ ရေအောက်မှာ ဟော်ကီ ကစားရတဲ့ ပုံစံက မြင်ယောင်ကြည့်ရင် ထူးဆန်းနေပါလိမ့်မယ်။ ရေအောက်မှာ သူတို့တွေ ဘယ်လိုများ ဟော်ကီကို ကစားနေကြပါလိမ့်ဆိုပြီး ပရိသတ်ကြီးလဲ စဉ်းစားမိမယ်ထင်ပါတယ်။ ကစားပုံကတော့ ဟော်ကီလို ဒုတ်ရှည်တွေနဲ့မဟုတ်ပဲ ရေကူးကန်ရဲ့ ကြမ်းပြင်ထိဆင်းပြီး ငုပ်ကာ ဟော်ကီဒုတ်တိုလေးနဲ့ ရိုက်ဆော့ရတာဖြစ်ပါတယ်။ ဒုတ်အရွယ်အစားက လက်ဖဝါး တစ်ခုစာပဲရှိပြီး ယောကျာ်းမိန်းမ အတူတူဆော့ကစားလို့ရပါတယ်။ ရေအမြဲငုပ်ထားရတာမဟုတ်ပဲ အသင်းဖော်ကိုပေးပြီးတာနဲ့ အပေါ်ကိုပြန်တက် အသက်ရှုကာ ပွဲချိန်မပြီးမချင်း တက်လိုက်ငုပ်လိုက်နဲ့ ဆော့ကစားရတာဖြစ်ပါတယ်။  

Photo Credit : Go-Today
Photo Credit : Go-Today

သတင်းအရင်းမြစ် Go-Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။