ဂျာမနီဆိုတဲ့နိုင်ငံကြီးကတော့ Europe မှာ စီးပွားရေးတောင့်တင်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စိတ်ဝင်စားစရာ တွေနဲ့ပြည့်နှက်နေတဲ့ နိုင်ငံတစ်နိုင်ငံဆိုလဲ မမှားပါဘူး။ ရဲတိုက်တွေ နန်းတော်တွေနဲ့ သူတို့ရဲ့ ဗိသုကာလက်ရာတွေဟာဆိုရင်လဲ ခရီးသွားသူတွေကို စိတ်ဝင်စားစေပါတယ်။ အဲ့အပြင် အရသာရှိတဲ့ အစားအသောက်တွေနဲ့အတူ သူတို့ရဲ့ ဘီယာဟာဆိုရင်လဲ ကမ္ဘာပေါ်မှာ ကျော်ကြားပါတယ်။ ထူးခြားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဂျာမနီနိုင်ငံမှာ နောက်ထပ် ထူးခြားတာကတော့ သူတို့ရဲ့အားကစားတွေထဲက တစ်ခုဖြစ်တဲ့ စစ်တုရင်လက်ဝှေ့ ဆိုတာပဲဖြစ်ပါတယ်။  

Photo Credit : Go-Today
Photo Credit : Go-Today

စင်ပေါ်မှာ စစ်တုရင်ဆော့တာကိုလဲ ပရိသတ်ကြီး မြင်ဖူးသလို လက်ဝှေ့ကွင်းထဲမှာ တစ်ယောက်နဲ့တစ်ယောက်ထိုးနှက်ကြတာကို ပရိသတ်ကြီး ကြည့်ဖူးမှာပါ။ သူတို့နိုင်ငံမှာဆိုရင် ဒီအားကစားနှစ်ခုကိုပေါင်းစပ်ထားတဲ့ စစ်တုရင်လက်ဝှေ့ဆိုတာရှိပါတယ်။ လက်ဝှေ့ကွင်းရဲ့ အလယ်မှာ စစ်တုရင်ခုံထားပြီး တစ်ဖက်နဲ့တစ်ဖက် ကစားရတာဖြစ်ပါတယ်။ တစ်ခါဆော့ရင် 11 Round ဆော့ကစားရပြီး 1 Round နဲ့ 1 Round ကြားမှာ ၁ မိနစ်နားခွင့်ရှိပါတယ်။ ပထမဆုံး Chess ကစားချိန် ၄ မိနစ်ဆော့ကစားပြီးနောက် Boxing ထိုးချိန် ၃မိနစ်ရှိပါတယ်။ အဲ့ဒီနောက်မှာ တစ်မိနစ်နားပြီး နောက် 1 Round ကိုလဲ အဲ့လိုပဲဆော့ကစားရပါတယ်။ ဒါကြောင့်ပဲ အောက်ကပရိသတ်တွေအတွက် Chess ရော Boxing ကိုပါ ကြည့်ရှုလို့ရပါတယ်။ 

Photo Credit : Go-Today
Photo Credit : Go-Today

သတင်းအရင်းမြစ် Go-Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။