ဖင်လန်နိုင်ငံဟာဆိုရင် ကမ္ဘာ့ကြီးရဲ့အလှဆုံး Northern Light တွေကို ရှာဖွေတွေ့ရှိနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အစားအသောက်နဲ့ပတ်သတ်လို့လဲ Restaurant Day ဆိုပြီးရှိပါသေးတယ်။ အဲ့ဒီနေ့မှာဆိုရင် လူတွေဟာ ကိုယ်ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အစားအစာတွေနဲ့ Restaurant ဖွင့်နိုင်ပါတယ်။ တကယ့် Santa Claus ကိုလဲတွေ့ရှိနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာပေါ်က အလုံးခြုံဆုံးနိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံလဲဖြစ်ပါတယ်။ ပိုက်ဆံအိတ်ပျောက်တာတွေ ဖုန်းပျောက်တာတွေမရှိသလောက်အောင်နည်းပါးပါတယ်။ အဲ့လိုနိုင်ငံမှာ ထူးထူးခြားခြားအားကစားတစ်ခုရှိပါတယ်။ အဲ့ဒီအားကစားကို လူအများခေါ်ကြတာကတော့ Hobbyhorsing လို့ခေါ်ကြပါတယ်။ 

Photo Credit : Go-Today
Photo Credit : Go-Today

ဖင်လန်နိုင်ငံမှာဆိုရင် Hobbyhorsing ဆိုတဲ့ ဒီအားကစားဟာ လူငယ်တော်တော်များများဆော့ကစားကြပါတယ်။ ကစားပုံကတော့ မြင်းရုပ်တစ်ရုပ်ကို ခွပြီး အတားအစီးတွေကို ခုန်ပြီးပြေးရတဲ့ အားကစားဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာလဲ မြင်းအစစ်တွေနဲ့ အဲ့ဒီလို ခုန်ပြီးပြေးရတဲ့ အားကစားတွေလဲရှိပါတယ်။ သူတို့နိုင်ငံမှာတော့ ဒီအားကစားနည်းဟာ လူကြိုက်များတဲ့ အားကစားတစ်ခုဆိုလဲမမှားပါဘူး။Hobbyhorsing ကို Hobby Horsing လို့လဲ ခွဲပြီးခေါ်ကြပါသေးတယ်။ ဒီအားကစားနည်းကို မိန်းကလေးအများစုက ဆော့ကစားကြပါတယ်။ Hobbyhorsing ကို နော်ဝေဘာသာကနေ မြန်မာလိုဘာသာပြန်ရင် မင်္ဂလာပါလို့ အဓိပ္ပာယ်ရပါတယ်။ 

Photo Credit : Go-Today
Photo Credit : Go-Today

သတင်းအရင်းမြစ် Go-Today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။